Part46

900 92 8
                                    

Unicode

ကျန်းရန်လီကတော့ သူ့မူပိုင်အပြုံးတွေနဲ့ ပြန်သွားပြီ။

"ရှောင်ကျန့်..."

"အွန်း.."

"အဲ့ဒိအမျိုးသမီးကို ဘယ်လိုမြင်လဲ..."

"ကျဲလား ခင်ဖို့ကောင်းတယ်...
မင်းယူမလို့ဆိုလဲ ယူလေ...
ဟီး ကျဲကမုန့်တွေအများကြီးလုပ်တတ်တယ်တဲ့..."

"ဘာကိစ္စယူရမှာလဲ
အလုပ်ကိစ္စနဲ့လာနေတော့ ခများမြင်နေရမှာမို့မေးတာ..."

"ဘယ်တော့ ထပ်လာမှာလဲ..."

"ခုမှပြန်သွားတာကို သိပ်တွေ့ချင်နေတာလား..."

"ငါကမတွေ့ချင်ပါဘူးနော်
မင်းအတွက်ပြောတာ ...
တခါမှ ကြောင်တောင်အဝင်မခံတဲ့အိမ်ကို ကောင်မလေးခေါ်လာပြီး လာငြင်းနေတယ်...
အစက ငါ စိတ်ပူနေတာ...
မင်းလို ဆရာကြီးစတိုင်သာဆို ငါ့ကိုဆူနေမှာစိုးလို့...
ကျဲဆိုရင်တော့ မဆူလောက်ပါဘူး..."

"ကျဲ ... ကျဲနဲ့
ခဏလေးတွေ့လိုက်တာကို အရမ်းတွေခင်နေရောပဲ..."

"ဟားဟားဟားးး ဝမ်ရီပေါ်ကြီးက သဝန်တိုနေတာလား
အမလေး မားကိုပြချင်လိုက်တာ
ခုနတုန်းကလဲ မျက်နှာကစူပုတ်နေတာပဲ ...
စိတ်ချ ငါကသူများဟာတွေ မကြိုက်ဘူး..."

"အင်းပါ ခများမကြိုက်ရင်ပြီးတာပဲ..."

"ဝမ်ရီပေါ်..."

"အင်း..."

"မင်းတို့ လက်ထပ်ပြီးရင်ရော
ငါ ဒီအိမ်မှာဆက်နေရမှာလား
မားတို့ဆီ ပြန်နေရမှာလား..."

ရုတ်တရပ် မျက်နှာလေးငယ်သွားတာမို့ စချင်တာနဲ့

"မားဆီပြန်ပေါ့ စစ်ကျွေးလဲရှိတာပဲ..."

"အော်......
ငါ့ပစ္စည်းတွေရော အကုန်သယ်သွားရမှာလား..."

"လိုက်ပို့ပေးမှာပေါ့ ဒီလောက်လူတွေအများကြီးရှိတဲ့ဟာ..."

"အင်းပေါ့နော်...."

"ဘယ်လိုလဲ ကျဲကျဲက ခင်ဖို့ကောင်းသေးလား ဟင်..."

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now