Part20

1.1K 81 3
                                    

Unicode

အူနုတဲ့စစ်ကျွေးလေး နေ့လည်မှနိုးလာတာပဲ တော်သေးသည်။ မဟုတ်ရင် သူ့အိပ်ယာပေါ်တက်အိပ်နေကြတဲ့ အစ်ကိုနဲ့ရှောင်ကျန့်ရယ် ဆိုဖာမှာအိပ်ပြီး ကိုယ်လက်နာနေရတဲ့သူ့ဘဝကြီးရယ်ကို ရင်နာနေလောက်ပြီ။

...........

နေ့လည်စာစားတော့ အရင်လိုဆော့ဖို့မပြောနဲ့ အသံတောင်သိပ်မထွက်နိုင်တော့ဘူး ခေါင်းကလဲကိုက် ဘုရားစူး ဝိုင်ပဲ

"ကျန့်ကော တကယ် ဘာမှမဖြစ်ဘူးလား
သားတော့တကိုယ်လုံးနာနေပြီ..."

"စစ်ကျွေးရယ် ဝိုင်ဆိုတာ ကိုယ်လက်နာရင်တောင် သောက်ရတဲ့ဟာ မင်းငါ့လက်ရာကို မစော်ကားနဲ့..."

"တကယ်ကျန့်ကောရ လည်ပင်းလဲနာ ခါးလဲနာ ခြေတွေလက်တွေရော...."

"မင်းကလဲ နုလိုက်တာ နောက်ဆိုအကျင့်ဖြစ်အောင်များများသောက်..."

"သားလဲကျောင်းမှာသောက်ပါတယ်နော် ကျန့်ကောဟာကိုက မဟုတ်တာ ... ဝီစကီတွေခိုးထည့်ထားတာလား..."

"ဖြစ်ရလေ မင်းအကိုက ငါ့ဆိုဘီယာတောင် သဒ္ဒါတာမဟုတ်ဘူး...."

ကြားသွားမှာကလဲစိုးရိမ်သေး သူ့ခပ်လှမ်းလှမ်းမှာ ၂ယောက်သားကြိတ်ပြီးဖြစ်နေကြတာ...

နာမှာပေါ့ မနက်ကတွေ့တော့ ဆိုဖာအောက်တောင်ပြုတ်ကျတော့မှာမို့ ဝမ်ရီပေါ်ကုတင်ပေါ်တင်ပေးထားခဲ့ရတာ....
အစ်ကိုကျော်ပြီး ကျန့်ကောဖြစ်နေတာ ခံပေါ့....

"ဘာပဲဖြစ်ဖြစ် ကျတော်တို့တော်တယ်ဗျ ကုတင်ပေါ်တော့ ရောက်အောင်အိပ်နိုင်တယ်..."

"အိုက်ယာားးးး ဝိုင်လေးသောက်ပြီး ဆိုဖာပေါ်အိပ်စရာလား ...."

"ကျတော်မှတ်မိသလောက် ဆိုဖာပေါ်ထိုင်နေတာပါ ..."

"ငါ ကုတင်ပေါ်သယ်သွားတာနေမှာပေါ့..."

ဟက် ရေတဗူးတောင်မနိုင်သူကများ စစ်ကျွေးကိုသယ်ရတယ်လို့...

တကယ် အဲ့ဒိလူက အရပ်သာရှည်တာ ဘာမှသုံးစားမရဘူး...

အရင်က လမ်းထိပ်ကနေ ဆန်လေး 5kg သယ်ခိုင်းမိတာ လက်နာတယ်ဆိုပြီး နောက်ကိုအွန်လိုင်းကမှာတယ်

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now