Unicode
ထမင်း၁ပန်းကန်လုံးကုန်အောင် စားပြီးသွားသော ရှောင်ကျန့်ကိုကြည့်ပြီးနောက်"နေကောင်းနေပြီဆိုတော့ အိမ်ပြန်တော့.."
"ဟမ်"
"ဒီ နေ့လည်ပြန်တော့"
"ရီပေါ်!"
"ယူသွားချင်တာရှိရင် တခါတည်းယူသွား
ဦးလေးကျိုး သူပြန်သွားတာနဲ့ အားလုံးရှင်းလိုက်ပါ
ကျတော် ည ပြန်မလာခင် အကုန်ပြီးနေရင် ပိုကောင်းတယ်...""ဝမ်ရီပေါ်
မင်းဘာဖြစ်ပြန်ပြီလဲ...""အတိတ်မေ့နေတဲ့ရှောင်ကျန့်ကပဲ ဒီအိမ်နဲ့သက်ဆိုင်တာ
ရှောင်းအိမ်ကလူကတော့ သူစိမ်းပဲ..""ဝမ်ရီပေါ် မင်းငါ့ကိုအကြိမ်ကြိမ်သတ်နေတာလား
ဘာလဲ တကယ်မသေသေးလို့လား ...""ထပ်ပြီးသွေးထွက်သံယိုဖြစ်အောင်လုပ်လဲ သူ့အိမ်ပဲအကြောင်းကြားပြီး ပြန်ပို့ပေးလိုက် လက်ခံမထားနဲ့.."
ပြောပြီးထထွက်သွားတဲ့ ဝမ်ရီပေါ်ကြောင့်
"ဝမ်ရီပေါ် ....
ဝမ်.. ရီပေါ်..."နောက်ကလဲ လိုက်မသွားချင်တော့
သူတကယ်ကို ခြေကုန်လက်ပမ်းကျသွားမိသည်။
အဆင်ပြေနေပြီ ထင်ပြီးမှလေ
ဘာဆက်လုပ်ရမှန်းကို မသိတော့
သူသိတာ တခုပဲရှိတယ်
လုံးဝပြန်လို့မဖြစ်ဘူးနောက်တခါဆို အိမ်ထဲတောင်ဝင်ခွင့်ရှိမှာ မဟုတ်ဘူး
မားးး ဟုတ်တယ်မားးကိုအကူအညီတောင်းရမယ်
သူမားကို ပြောပြရင်း
"မား ကူညီပါဦး ကျတော်လုံးဝမပြန်ဘူးနော် မား.."
"တကယ်ရူးချင်နေပြီမားရယ် "
"ဆဲဆို ရိုက်နှက်လိုက်တာမှ ခံသာဦးမယ်
မိဘနဲ့ချစ်သူမတူဘူးဆိုတာ ဟုတ်မယ်မား
ကျတော့်မိဘတွေဆို ရက်၂၀ဒူးထောက်လိုက်ရုံနဲ့
Project ငါးခုပေးပြီး အဲ့တာတွေလုပ်နိုင်တာနဲ့ သဘောတူပေးတယ်သူကျ ဘာမှလဲညှိမရ စိတ်ဆိုးတယ်မဆိုးဘူးလဲမပြောဘူး"
"သူမြန်မြန်လက်ခံမှဖြစ်မှာ
လက်ထပ်ဖို့က ကျတော်လူကြီးတွေဆီမှာ ပြစ်ဒဏ်ခံရဦးမှာ
သူလုပ်ပုံနဲ့ နောက်နှစ်တောင် ဆောင်နိုင်ပါ့မလားပဲ.."
YOU ARE READING
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး