Unicode
သူကသာ ပြုံးပြနေပေမယ့် ခဏသာအံ့အားသင့်ပြီး အလွန်အမင်းဒေါသထွက်လာဟန်ရှိသော ရီပေါ်ကြောင့်"ဘေဘီ....."
"ဘာ လာ လုပ် တာ လဲ..."
အေးစက်လွန်းတဲ့ စကားသံကြောင့် ရှောင်ကျန့်လန့်တော့လန့်နေသည် ဒါပေမယ့် ဘာမှမဖြစ်ဟန်ဖမ်းကာ..
"ဘေဘီစိတ်ဆိုးနေမယ်ဆိုတာ ကိုသိပါတယ်
ဒါပေမယ့် ကို့ကိုခဏလောက်လေးပဲ ရှင်းပြခွင့်ပေးပါ ""မကြားချင်ဘူး ကြားလဲဘာမှမထူးဘူး
ခုချက်ချင်း ဒီအိမ်ကထွက်သွား..""ဘေဘီ..."
"ထပ်မခေါ်နဲ့..."
"အိုကေ ရီပေါ့်သဘောပါ
ကိုအခန်းထဲက ထွက်သွားပါ့မယ့်
ညစာလေးတော့ ဆက်စားလိုက်ပါ..."သူ လှည့်ထွက်လာတုန်းရှိသေးသည်။
"ခွမ်း..."
ပန်းကန်တွေကျကွဲသံနှင့်အတူ အပိုင်းအစအချို့ကတောင် သူ့နားလွင့်ထွက်လာသည်။
ဘေဘီက ဆိုးလိုက်တာ...
သူ့ ရီပေါ်ဘက်ကိုပြန်လှည့်လိုက်ကာ..
"နှမြောစရာပဲ ကိုအဲ့တာတွေချက်တုန်းက ဓါးတောင်ထိသွားတာကို.."
"ခုမြင်ပြီမလား ထွက်သွားတော့..."
"အသားနာခံချက်တာတောင် လွတ်ပစ်ခံရတယ်
ရှောင်ကျန့်က အတော်ညံ့တာပဲ"ပြောရင်း အနားက ဖန်ကွဲစတခုကို ကောက်ကိုင်လိုက်ကာ
"လူက ညံ့တာလား
လက်ကညံ့တာလား..
ဟင်... ရီပေါ်...""ောက်ပိုလာမလုပ်နဲ့ အဲ့လောက်ထိုးချင် ရင်ဘတ်ကိုထိုး..."
"အော် နှလုံးသားကိုက ညံ့တာလား..
ဟုတ်ပါပြီကွာ ရီပေါ်လေးသဘောပါ..."ရှောင်ကျန့်က တချက်ရယ်ပြလိုက်ရင်း
ဖန်ကွဲစကိုင်ထားတဲ့လက်ကိုမြှောက်ကာ ရင်ဘတ်ကို ထိုးစိုက်လိုက်သည်"အ.."
ဖန်စကပဲတုံးတာလား အင်္ကျီကပဲထူနေသလားမသိ ထင်သလောက်မနက်သွား
....
မထင်ထားဘဲ အတည်လုပ်ချလိုက်တဲ့ရှောင်ကျန့်ကြောင့် ဝမ်ရီပေါ်ကြောင်သွားသည်
ရုတ်တရပ်ကြီး သူ့ရှေ့ပေါ်လာတယ်
ပြီးတော့သူ့ရှေ့တင် သွေးချင်းချင်းရဲအောင် ထိုးချလိုက်တယ်
YOU ARE READING
Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေး