Part8

1.2K 100 2
                                    

Unicode
"သခင်ကြီး... သခင်ကြီး..."

အိမ်အပေါ်ထပ်ကနေ ဧည့်ခန်းကိုအူယားဖားယားပြေးဆင်းလာပြန်ပြီ ချော်လဲရင် ပွက်ပွက်ညံဦးမယ်...

"တိုးတိုးအော်ပါ...."

"အော်တာပါဆို တိုးလို့ရမလားလို့...."

"ဘာဖြစ်လာတာလဲ...."

"သခင်ကြီး.... ကျန့်ကျန့်တို့လေ အိမ်ဘေးကမြေတွေရောင်းကြမလား..."

"ဟမ်!"

"ဟုတ်တယ်လေဝမ်သခင်ကြီးရဲ့ ..အကျယ်ကြီးဟာ...
အဲ့တာဆို ပိုက်ဆံလဲရမယ်...
အိမ်နီးချင်းလဲရမယ်....
ဟော အိမ်နီးချင်းမှာကလေးပါရင် ဆော့လို့ရမယ်...
ကောင်မလေးပါရင် ကြိုက်လို့ရမယ်..."

"ဘာဖြစ်တယ်..."

ငါ့အိမ်မှာနေပြီးများ ရည်းစားတောင်ထားဦးမယ်ပေါ့..
ဗီဇကပေါ်လာပြန်ပြီ

"ရှေးစကားနဲ့ဆို စုတ်ရောလာဘ်ရောဝင်တာပဲ..."

"ဘယ်ဇာတ်ကားကပြောပြန်ပြီလဲ..."

"ဇာတ်ကားမဟုတ်ပါဘူး အင်တာဗြူးမှာပါတာ... သူတို့ကအဲ့လိုတွေ့ကြတာတဲ့..."

"ပေါက်ကရတွေ...."

"သခင်ကြီးရည်းစားမရှိတာလဲ အိမ်နီးချင်းမရှိလို့ဖြစ်မှာ...
ရှိရင်ဖုန်းတွေဆက်...
ဒါနဲ့လေသခင်ကြီး အားကျန့်ဖုန်းလိုချင်တယ်..."

ဟက် ... ထင်သားပဲ ဒီလောက်ရိုကျိုးနေတည်းက

"ဘာလုပ်ဖို့လဲ ဖုန်းကစျေးအရမ်းကြီးတာ..."

"ဟွန်... သူများတွေကြသုံးနေကြပြီး..."

"သူတို့က တသက်လုံးအလုပ်လုပ်လာတာလေ.."

"ဟုတ်ပဲနဲ့ တီဗွီမှာကလေးတောင်သုံးတယ်..."

"၃..၄သိန်းလောက်ရှိတယ်...."

"အဲ့လောက်ကြီးတောင် စျေးကြီးလိုက်တာ...
ခြံရောင်းလိုက်ပါလားသခင်ကြီး
ကျန့်ကျန့်လဲဖုန်းရ ဝမ်သခင်ကြီးလဲရည်းစားရ ဟီး...."

"ငါကရည်းစားမရှားဘူး ဝိုင်းဝိုင်းလည်နေတာ..."

"သခင်ကြီးကလဲ ဖုန်းလိုချင်လို့ပါဆို..."

ပြောရင်းဆိုဖာပေါ်လှဲချကာ ဂျီကျနေသည်။ မဖြစ်ဘူး ဒါပါဝယ်ပေးလိုက်ရင် ထိန်းလို့နိုင်တော့မှာမဟုတ်....

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now