Unicode
ရွှေလတစ်ယောက်ထဲ စိတ်တွေလှုပ်ရှားပြီး ထိုင်နေမိတာ ငါးမိနစ်ပြည့်တော့မယ်။ တခြားလူတွေတစ်ယောက်ပြီးတစ်ယောက် ဝင်သွားတုန်းက ဆက်တိုက်ပဲလေ။ ကိုယ့်အလှည့်ရောက်မှ ဘာဖြစ်တာပါလိမ့်။
မှန်တွေကာရံထားတဲ့ အခြားအခန်းတွေထဲမှာတော့ တာဝန်ကိုယ်စီနဲ့အလုပ်များနေတဲ့သူတွေကို တွေ့ရတယ်။ ခုဏတစ်ယောက် interview ဖြေပြီးထွက်သွားကတည်းက ရွှေလကိုဆက်ပြီး မခေါ်တော့ဘူး။
ဘာဖြစ်လို့ပါလိမ့်ဆိုပြီး တွေးနေပေမဲ့အဖြေမပေါ်ပါဘူး။ ငါတစ်ယောက်ကျန်နေသေးတာကို မေ့များသွားပြီလားလို့တွေးမိပြီး စိတ်ညစ်လာတယ်။.
.
.ဆရာ ဖုန်းပြောပြီးသွားပြီ။
အလိုမကျသလို မျက်မှောင်ကုတ်ကြီးနဲ့ဖြစ်နေတယ်။"အေးက ခက်တာပဲ.... သူ့သူငယ်ချင်းရဲ့သားလေးတဲ့.... ခုဏ တစ်ယောက်လေ.... ဘယ်လိုလုပ်ကြမလဲ.... အဲ့တစ်ယောက်ကို အနားခေါ်ထားလို့ကတော့ ကိုင်ပေါက်မိမယ်ထင်တယ်"
နန္ဒာရော အန်တီတူးပါပြုံးမိကြတယ်။
"သွက်လဲသွက်.... ထက်လဲထက်ပါတယ်....ဆရာ.... အေးရဲ့အသိမို့လို့ ဝင်လာတယ်ဆိုရင်တောင် သူ့မှာ ကိုယ်ပိုင်အရည်အချင်းရှိတယ်လို့..... နန္ဒာထင်တယ်... ဆရာ"
"တော်တာတော့ တော်ပုံပါ.... ဒါပေမဲ့ သူက အသွက်လွန်နေတာလေ..... ပြီးတော့..... ကြည့်ရတာ...."
ဆရာကစကားကိုဆက်မပြောဘူး။ ဒါပေမဲ့ နန္ဒာသဘောပေါက်ပါတယ်။ ကောင်လေးကနည်းနည်းနွဲ့ပြီး မိန်းကလေးဆန်နေတာကို မကြိုက်တာပါ။
"ဒီလိုဆိုရင်ရော.....ဆရာ"
အန်တီတူးကစကားစတယ်။
"ဟုတ်ကဲ့.... အန်တီတူး"
"ကျွန်မတို့ ဌာနကို ပို့ပေးလိုက်ရင် အဆင်ပြေမယ်.... ဆရာ.... အဲ့ကလေးက LCCI level III ထိအောင်ထားတာပဲ"
သာလွန် ခဏစဥ်းစားတယ်။
အဲ့လိုဆိုရင်လဲ အဆင်ပြေမယ်ထင်ပါတယ်။
အေး မျက်နှာမပျက်ရတော့ဘူးပေါ့။
သာလွန်နဲ့လဲ အနီးကပ်နေပေးစရာမလိုဘူးလေ။
နန္ဒာအလုပ်ထွက်မယ်ဆိုရင်တော့ အမှန်အတိုင်းပြောရရင် သာလွန်ကမိန်းကလေးအတွင်းရေးမှူးမလိုချင်တော့ဘူး။ ဒါကြောင့် လာဖြေတဲ့ယောကျားလေးတွေကို အထူးသတိပြုပြီး ကြည့်မိတယ်။ ကိုယ့်အနားထားပြီး အလုပ်လုပ်ဖို့ဆိုတာ မလွယ်ဘူး။
တစ်ခါတစ်ရံ အလုပ်ချိန်ထက်ကျော်လွန်ပြီး သွားရလာရတွေရှိနေတာဆိုရင် မိန်းကလေးအတွက်ထည့်စဥ်းစားပေးနေရတာ အဆင်မပြေဘူး။ နန္ဒာက အဲ့ဒါတွေအတွက် ပူစရာမလိုသူ။
နန္ဒာ့လိုနောက်တစ်ယောက်ရှိလာရင်လဲ ယောကျားလေးပဲ ဖြစ်မယ်ဆိုရင်ပိုကောင်းမယ်လို့ တွေးမိတယ်။

YOU ARE READING
မေတ္တာမိုး သွန်းဖြိုးလို့ရွာ
Romanceသတ်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ ငယ်သော်လည်းရင့်ကျက်နေတဲ့ကောင်ငယ်လေးတို့ နှစ်ယောက်အကြောင်းပါ။ လိုက်ပါစီးမျောပေးပါအုံးနော်။