Unicode
နောက်ဖေးခန်းထဲမှာ တကုတ်ကုတ်နဲ့သိမ်းဆည်းမပြီးသေးတဲ့သူကို ဧည့်ခန်းမှာ ကော်ဖီသောက်ရင်းထိုင်စောင့်နေရတယ်။ ဟာနုမာန်တံဆိပ်ကော်ဖီက မွှေးလို့ပါပဲ။
အချိန်ကမနည်းတော့ဘူး။ သူလေးက ဆေးရုံမှာကျန်ခဲ့တဲ့ မသီတာနဲ့စိုးသော်တာထွန်းအတွက်ကိုလဲ ထမင်းဗူးဟင်းဗူးတွေ ထည့်သေးတာ။
သူ့အတွက်အဝတ်အိတ်လေးကိုယူပြီး အိမ်ရှေ့ကိုထွက်လာတော့ သုံးနာရီထိုးတော့မယ်။"ပြီးပါပြီ.... ဦးသာလွန်....သွားရအောင်လေ"
ဝရံတာတံခါးကိုပိတ်ကာ ခန်းစီးတွေကိုလဲဆွဲစေ့တယ်။
သွက်သွက်လက်လက်နဲ့ အရာအားလုံးကို လုပ်သွားတာ တဖြတ်ဖြတ်နဲ့ မြန်မှမြန်။"ခဏလေး.... စကားပြောရအောင်"
"ဟို.... ဟုတ်.... ဘာပြောဖို့လဲ.... ဆေးရုံကိုပြန်ချင်နေပြီ"
"ခဏပါ.... ခဏပဲ"
"ဟုတ်"
ထပ်ပြောတော့မှ ထိုင်ခုံလေးမှာထိုင်တယ်။
"ကိုယ်.... ဖွားအတွက်.... ဆေးကုပေးချင်တယ်"
"ရပါတယ်ဆို.... တကယ်ရပါတယ်"
ရွှေလကိုငေးရီရီကြည့်တယ်။
ရွှေလ ထိုင်နေတဲ့ခုံနားကို နည်းနည်းတိုးလာတယ်။
ရွှေလလဲ ကြောင်ပြီးကြည့်နေမိတာ။
ပခုံးပေါ်ကိုရောက်လာတဲ့ ဦးသာလွန်ရဲ့လက်တွေ....."ဘာပဲဖြစ်ဖြစ်ပါ..... ကိုယ်.... ဆရာဝန်နဲ့စကားနည်းနည်းပြောကြည့်မယ်ကွာ.... နော်.... တစ်ရက်နှစ်ရက်ပဲ... ဆေးရုံတက်ရမယ်ဆိုရင်တော့.... ဖွားကို.... သက်တောင့်သက်သာလေး.... ကုပေးရအောင်လေကွာ... အရမ်းကြီးရောဂါက... မဆိုးရင်... ဆေးရုံမြန်မြန်ဆင်းရမှာပဲလေ... ရက်ပိုင်းလောက်နဲ့တော့.... ပိုက်ဆံမကုန်ပါဘူး.... ပိုကောင်းတဲ့ဝန်ဆောင်မှုလေးနဲ့ဆို... ဖွား... နေရတာသက်သာတာပေါ့... အခုက....လူတွေများနေတော့လေ....."
ချော့သလို တောင်းဆိုသလိုပြောနေတာမို့ ရွှေလကြောင်ပြီး ကြည့်နေမိဆဲ။ ပြီးတော့ အရမ်းကပ်နေသလိုဖြစ်နေတာကြောင့်လဲပါတယ်။ ဦးသာလွန်ရဲ့လက်တွေက ရွှေလရဲ့ဒူးပေါ်မှာတင်ထားတဲ့ ရွှေလလက်တွေကိုဆွဲယူလိုက်တယ်။
တဒုတ်ဒုတ်ခုန်လာတဲ့ရင်ထဲက ကလီစာတွေ။ ရုန်းလဲမရုန်းမိဘူး။
YOU ARE READING
မေတ္တာမိုး သွန်းဖြိုးလို့ရွာ
Romanceသတ်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ ငယ်သော်လည်းရင့်ကျက်နေတဲ့ကောင်ငယ်လေးတို့ နှစ်ယောက်အကြောင်းပါ။ လိုက်ပါစီးမျောပေးပါအုံးနော်။