part(38)

9.1K 734 83
                                        

Unicode

အဖွားဆေးရုံကဆင်းလာခဲ့ပါပြီ။ အားရစရာမကောင်းလှပါဘူး။ အဖွားခေါင်းထဲမှာတွေ့ရတာက အကျိတ်တစ်ခုဖြစ်နေတာပါ။ ခွဲစိတ်ဖို့လဲ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလေ။ ဒီလိုပဲ နေရတဲ့ရက်ကလေးတွေကို အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင်ထားရပါတယ်။ နဂိုကတည်းကမှ နှစ်ယောက်တည်းရှိရတဲ့ဘဝဆိုတော့ လတ်တလောအဖွားကိုထားခဲ့ပြီး အလုပ်သွားဖို့ ရွှေလမှာ မဖြစ်နိုင်သေးပါဘူး။ မသီတာက ရှိပေးနေတယ်ဆိုပေမဲ့ သူ့အလုပ်လုပ်ရသေးတာ။ လမ်းမတော်ကအဖွားနဲ့ခင်မင်နေကြတဲ့ စျေးသည်လေးတွေကလဲ မကြာမကြာလာပေးကြတယ်ဆိုပေမဲ့လဲ တစ်နေ့လုပ်မှတစ်နေ့စားသောက်ရသူတွေလေ။ အလုပ်ကလေးတစ်ခုအတည်တကျရှိပြီး အဆင်ပြေမယ်ကြံကာမှ ရွှေလ ဘာမှ မတတ်နိုင်တော့ပါ။ အခက်ခဲဆုံးကတော့ အလုပ်မရှိဘဲ ရွှေလတို့မြေးအဖွားကြာရှည်ဘယ်လိုရပ်တည်မလဲပေါ့။ ဖွားအတွက်ဆေးဖိုးရှိမည်.... နောက်ပြီး စားသောက်ကြဖို့တွေ.... အို.... မတွေးနိုင်သေးပါ။

.
.
.

ဆေးရုံဆင်းတာကိုလဲ သာလွန်က ကိုယ်တိုင်လိုက်ပြီးမစီစဥ်ပေးနိုင်ခဲ့ပါ။ များလွန်းလှတဲ့အလုပ်တွေကြားမှာ သူမရှိလို့ပိုပြီး ပင်ပန်းလေသလားတောင်မသိရ။ ကိုယ့်အသက်နှစ်ဆယ်လောက်ကစပြီး လုပ်လာခဲ့တဲ့အလုပ်တွေကို လွန်ခဲ့တဲ့ ငါးလခြောက်လလောက်မှ ကူညီပေးတဲ့လူတစ်ယောက်ကို တမ်းတနေရတာ ဟုတ်တော့မဟုတ်လှသေးပါ။ ဒါပေမဲ့ သွားသွားစားစားအနားမှာ တူတူရှိနေခဲ့တဲ့သူကို လိုအပ်နှင့်နေခဲ့ပြီ။
စိတ်တိုစရာကိစ္စတွေရှိလာပြန်ရင်လဲ ကိုယ့်ကိုချော့တတ်တဲ့သူ။ ကိုယ့်ဆီရောက်လာနိုင်တဲ့ ပြသနာအသေးအဖွဲတွေကို မရောက်ခင်ကပဲကြိုတင်ဖြေရှင်းပေးတတ်သူ။ ကိုယ်ကာယနဲ့ရင်းပြီးလုပ်နေရတဲ့ ကိုယ့်အလုပ်သမားတွေကိုလဲ စာနာတတ်သူ။ နေရာတကာမှာ လူပုံလေးနဲ့မလိုက်တော်လွန်းသူ အလိုက်သိလွန်းသူပါ။

ပင်ပန်းနေရှာမှာ ဝမ်းနည်းနေရှာမှာသိတယ်။ ပြေးသွားလိုက်ချင်သော်လည်း ဘယ်လိုမှမအားလပ်ရသောအလုပ်တွေကြောင့် စိတ်ပဲရောက်ရတယ်။

.
.
.

"ဦး....."

အနားကပ်ကာခေါ်လိုက်သံကြောင့် အလိုလိုစိတ်ကတင်းသွားတယ်။ ထွဋ်ခေါင်..... ပေါက်တောက်လေးက အကူအညီရနိုင်တယ်လို့ တဖွဖွပြောလို့ အနားကိုခေါ်ထားမိတဲ့ ထွဋ်ခေါင်ဆိုတဲ့ကလေး။

မေတ္တာမိုး သွန်းဖြိုးလို့ရွာOù les histoires vivent. Découvrez maintenant