part(19)

7.5K 699 12
                                    

Unicode

လစာထုတ်တဲ့ရက်ဆိုတော့ စာရင်းခန်းမှာအလုပ်များနေကြတယ်။
ထွဋ်ခေါင်လဲ တစ်နေကုန်မအားဘူးဆိုတာတွေ့တယ်။

ရွှေလက.... ထွဋ်ခေါင်နဲ့စကားပြောရင်း မုန့်သွားစားချင်လို့။ ဒီရက်ပိုင်းမှာ ထွဋ်ခေါင်က ရွှေလနဲ့ထမင်းအတူတူမစားဖြစ်ကြဘူး။ ရွှေလက မနန္ဒာနဲ့တူတူထမင်းစားနေကျမဟုတ်တော့ တစ်ယောက်ထဲပဲစားရတယ်။ ထွဋ်ခေါင်ကိုသတိရနေမိတယ်။
ရွှေလ နေရာကနေ ထွဋ်ခေါင်တို့ရှိရာအခန်းကိုလှမ်းကြည့်မိရင်လဲ ထွဋ်ခေါင်အလုပ်များနေတာ တွေ့ရပါတယ်။
ရွှေလ ကိုယ်တိုင်လဲအလုပ်တွေ များနေတာပါပဲ။

ဒီနေ့လစာထုတ်ရက်ဆိုတော့ ရွှေလ အဖွားအတွက်လဲမုန့်ဝယ်သွားမည်။ ထွဋ်ခေါင်နဲ့လဲ တူတူစကားပြောရင်း မုန့်စားကြမည်ဟုတွေးထားတာ။
ထွဋ်ခေါင် နေ့လည်စာတူတူလာစားရင်ကောင်းမယ်။

.
.
.

"မနန္ဒာ.... ကျွန်တော်.... စာရင်းခန်းကို.... ခဏလေးသွားပါရစေ"

"သွားလေ.... ရွှေလ.... ဒါဆိုရင်.... ဒီဖိုင်လေးကို.... အန်တီတူးဆီ.... ပေးခဲ့ပေးနော်"

"ဟုတ်...."

ရွှေလ စာရင်းခန်းကိုဝင်လာတာမြင်တာနဲ့ ထွဋ်ခေါင်ကပြုံးပြသည်။ အန်တီတူးရဲ့စားပွဲကိုသွားပြီး မနန္ဒာပေးခိုင်းတဲ့ဖိုင်ကို ပေးရသည်။ ပြီးတာနဲ့ထွဋ်ခေါင်ဆီသွားမိသည်။

"ထွဋ်ခေါင်.... "

"အင်း.... ရွှေလ...."

"အလုပ်များနေတာလား.... "

"အေးလေ.... လစာထုတ်ရက်ဆိုတော့.... မင်းရော.... အလုပ်များတယ်မှလား"

"ဟုတ်တယ်.... နည်းနည်းပါ"

"ငါတွေ့ပါတယ်.... မင်းနဲ့ မနန္ဒာနေ့တိုင်း....အလုပ်များနေတာကို"

"အင်း.... ဒီနေ့လေ.... မင်း.... ငါနဲ့တူတူ.... ထမင်းစားမလား"

"အင်း.... စားကြမယ်လေ.... ငါ.... ဟိုရက်က... မင်းနဲ့တူတူမစားဖြစ်ဘူး.... အခန်းထဲက အစ်မတွေနဲ့တူတူစားလိုက်တာလေ"

ရွှေလပျော်သွားသည်။
ထွဋ်ခေါင်ကအေးအေးဆေးဆေးပုံမှန်အတိုင်းပဲလေ။
ရွှေလ စိတ်ပူနေမိတာပါ။ ထွဋ်ခေါင်က ရွှေလကို အရင်ရက်တွေနဲ့မတူ စိမ်းကားနေတာလားလို့ ထင်မိနေခဲ့တာ။ ခု​တော့ တော်သေးတာပေါ့။

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now