part(17)

8.2K 741 31
                                    

Unicode

"ရွှေလမင်း...."

ရုံးဆင်းချိန်ရောက်ပြီမို့ သိမ်းဆည်းစရာရှိတာတွေကို သိမ်းဆည်းပြီး ပြန်ဖို့ပြင်နေတဲ့ ရွှေလ ကိုခေါ်လိုက်တယ်။

"ဗျာ.... ဆရာ"

မော့်ကြည့်တော့ စားပွဲနားမှာရပ်ကာ ရွှေလကိုစိုက်ကြည့်နေတဲ့ ဆရာ.... ဦးသာလွန်... ခပ်မတ်မတ်ကိုယ်နေဟန်က ဘယ်ချိန်ကြည့်ကြည့် ကြည့်ကောင်းနေဆဲ။

"မင်း..... ပြန်ရတော့မယ်မှလား"

"ဟုတ်...."

"ဒါဆို...."

စကားကိုရပ်ကာ သာလွန် နည်းနည်းတော့စိတ်လှုပ်ရှားသလိုဖြစ်လာတယ်။
တကယ်ကို မဟုတ်သေးတာပါကွာ။

"မင်း.... ကိုယ်နဲ့တူတူပြန်မလား"

"ဟင့်အင်း.... ကျွန်တော်ပြန်ရမှာ.... နီးပါတယ်.... ဆရာ"

ငြင်းတာလား။

"သြော်.... အင်း.... ဒါပေမဲ့ကွာ.... လမ်းကကြုံနေတယ်.... မင်း... ပြန်မဲ့လမ်းကို.... သွားရမှာပဲလေ.... လိုက်ခဲ့ပါ"

စကားတွေက အနည်းငယ် ကမောက်ကမ ဖြစ်နေသလိုခံစားနေရပြီး တစ်ကြိမ်တစ်ခါမှ မပြောဖူးသလို နှိမ့်ချပြီးပြောရသလိုကြီးဖြစ်နေတယ်။
မာနကြီးသူတစ်ယောက်မဟုတ်သော်ငြါး.... နေထိုင်မှုပုံစံက သီးသန့်ဆန်သူတော့ဟုတ်တယ်လေ။
မာနမကြီးဘူးလို့လဲ ယတိပြတ်ပြောလို့ရတဲ့သူလဲ မဟုတ်ပြန်ဘူး။
ချေမိုးကုဋေစိုးခဲ့လေသော.... သာလွန်ကောင်းမွန်လေ။
အခုက....

ရွှေလလဲ ငြင်းမိပြီးမှ တစ်မျိုးဖြစ်သွားပါတယ်။
သူ့ကိုစိတ်ဆိုးသွားသလားလို့ဆရာထင်ရင်အခက်ပါပဲ။

"ဟိုလေ.... ဆရာ.... တကယ်က..."

"အင်း.... ကိုယ်သိတယ်.... ဒါကြောင့်လေ.... ပြန်လိုက်ပို့ပေးမလို့ပါ.... လမ်းလဲ ကြုံတာပဲကို"

"ဟုတ်.... ရတယ်.... ဒါဆိုလဲ.... လိုက်ခဲ့ပါမယ်"

ဦးသာလွန့်အသံက တိုးဖွဖွဖြစ်နေသလိုထင်မိတယ်။
အမြဲတမ်းကြားနေကျအသံက ခပ်မာမာတည်တည်...
အခု ဦးသာလွန့်ပုံစံက စကားပြောချင်တာလဲရှိနေသေးသည့်ပုံပါ။
ဒါကြောင့် ရွှေလက အတူပြန်ဖို့ကို သဘောတူလိုက်မိတယ်။ အစ်ကိုစိုးသော်တာထွန်းမောင်းမှာလို့ ထင်မိတာလဲ ပါပါတယ်။
.
.
.

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now