part(22)

7.4K 679 22
                                    

Unicode

ရွှေလရဲ့ ပိတ်ရက်တစ်ရက်ကို ရှားရှားပါးပါး ရလာတယ်။
ရှားရှားပါးပါးရတယ်ဆိုတာက ဒီလို။ တစ်ရုံးလုံး စနေ​နေ့ဆိုရင် နေ့တစ်ဝက်ပဲဆင်းရပေမဲ့ ရွှေလက ဦးသာလွန်နဲ့အတူတူ လိုက်သွားရတာကြောင့် ဦးသာလွန်အလုပ်ကိစ္စတွေပြီးတဲ့အချိန်က အိမ်ပြန်ချိန်ပဲ။
စနေတစ်ရက်ကို ညနေပိုင်းစာသင်မပေးရတာကြာတော့ တနင်္ဂနွေကမနားရတော့ဘူး။
တစ်နေကုန် တစ်ပတ်စာ ကျောင်းကသင်လိုက်သမျှကို guideပြန်လုပ်ပေး ကူကျက်ပေးရတယ်။
ဒီနေ့က စာသင်ပေးတဲ့ကလေးမိသားစုတွေ ကိစ္စရှိလို့ဆိုပြီး အကြောင်းကြားလာတာကြောင့် ရွှေလ နားရတာပါ။

ဒါ​ကြောင့် ရွှေလ သူငယ်ချင်းတွေနဲ့မတွေ့တာ ကြာနေပြီမို့ ချိန်းထားတယ်။
ရွှေလနဲ့ မေသော်တို့မောင်နှစ်မ မာမာတို့အိမ်ကိုရောက်တော့ နေ့လည်စာစားချိန်ဖြစ်နေပြီ။
သိပ်မကြာဘူး ဝေလလဲရောက်လာတယ်။

မာမာ တို့အိမ်က မြောက်ဒဂုံမှာ။
မာမာ့မိဘတွေက ဝန်ထမ်းတွေမို့ မြောက်ဒဂုံဝန်ထမ်းရပ်ကွက်ထဲမှာ နေကြတာ။
တိတ်ဆိတ်ပြီး ခြံဝန်းတွေကျယ်တယ်။
မြို့သစ်တွေထဲမှာတော့ မြောက်ဒဂုံက ခြံကျယ်ဝန်းကျယ်လေးတွေနဲ့ နေရတာအဆင်ပြေပါတယ်။
ဝန်ထမ်းကွက်ဆိုတော့ တိတ်ဆိတ်နေတယ်။
မာမာတို့အိမ်က သိပ်တော့မကြီးဘူး။
တိုက်ခန်းနဲ့နေရတဲ့ ရွှေလအတွက်တော့ ပျော်စရာကောင်းတာပေါ့။ ရွှေလ ခြံနဲ့ဝန်းနဲ့ကို သိပ်သဘောကျတယ်။

မာမာ့ အမေက ရွှေလတို့လူစုကို မကြာ မကြာ ထမင်းဖိတ်ကျွေးတယ်။ ဒီနေ့လဲ မတွေ့ရတဲ့ကြာပြီဖြစ်တဲ့ လူစုကို ထမင်းခေါ်ကျွေးရင်း ရွှေလတို့ကိုလဲ လူစုံစေတာ။
အားလုံးထဲမှာ အတည်တကျအလုပ်ရှိတာ ရွှေလနဲ့မာမာနှစ်ယောက်ပဲ။ ကျန်တဲ့သူတွေက သင်တန်းတက်ကြတုန်းပဲ။ တစ်ယောက်နဲ့တစ်ယောက် မတွေ့တာလဲကြာနေကြတာဆိုတော့ စကားကပြောမကုန်ဘူး။ ရွှေလအလုပ်အကြောင်းလဲ သူတို့ကမေးကြတာပေါ့။

မာမာက စာသင်တဲ့အလုပ် တော်တော်အဆင်ပြေနေတယ်။
နေသော်နဲ့မေသော်က သူ့မိဘအလုပ်တွေမှာ ဝင်လုပ်ရင်ရတယ်။ ဒါပေမဲ့ မေသော်က မလုပ်ချင်ဘူး။
အပြင်အလုပ် လုပ်ချင်နေတယ်။ ဒါကြောင့် ရွှေလကို အပူကပ်နေတာ။ သူဌေးကိုပြောပေးဆိုပြီးတော့ပေါ့။

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now