part(44)

9.2K 744 121
                                    

Unicode

"ဟုတ်လား.... ဟုတ်တယ်မှလား.... ကိုယ်...အရမ်းချစ်တယ်.... မင်းလဲ.... ကိုယ့်ကိုချစ်တယ်မှလား"

စိတ်လှုပ်ရှားမှုကြောင့် ဦးသာလွန့်အသံက နည်းနည်းလှုပ်ခတ်နေတယ်။
ရွှေလ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးတဲ့ပုံစံတွေ လေသံတွေ...

"စကားမှ.... မဆုံးသေးတာ"

"ဘာ.... ချစ်တယ်လို့ပြောတာ.... ကိုယ်ကြားလိုက်ပါတယ်.... ဘာထပ်ပြောဖို့လိုသေးလို့လဲ"

"ချစ်တော့.... ချစ်နေပြီထင်တယ်.... ဟိုဒင်းလေ...
ကျွန်တော်လဲ ရင်တွေခုန်လို့..... "

"ဟုတ်တာပေါ့.... ဟုတ်တာပေါ့.... အဲ့လိုဖြစ်တာပဲပေါ့"

"ဒါပေမဲ့.... မဖြစ်သေးဘူးလို့.... ပြောချင်တာပါ"

"ဟာ..... ကွာ..... "

စိတ်ပျက်လက်ပျက်နဲ့လူကိုကြည့်ပြီး ရွှေလကို ပုခုံးကနေ ကိုင်လှုပ်နေတယ်။တော်တော် မချင့်မရဲဖြစ်သွားတဲ့ပုံပါပဲ။
သိပေမဲ့ ရွှေလလဲတမင်လုပ်ပြောတာမဟုတ်ဘူး.... တကယ်အတည်ပြောတာ။
အဲ့ဒါကိုသိလို့ ဦးသာလွန်ရဲ့မျက်နှာက ပြိုတော့မဲ့မိုးလို့ဖြစ်လာတယ်။
ရွှေလကိုမို့လို့ ဒီလောက်စိတ်ရှည်နေတာသိတယ်။
ဒါတောင် ဆွဲကိုင်လှုပ်နေတာပဲလေ။
တခြါးတစ်ယောက်သာဆို သူ့ကို​​ဝေ့လည်ကြောင်ပတ်လုပ်တယ်ဆိုပြီး သတ်ပါသတ်မလားမသိ။

"ခဏ....ခဏလေး....ရပ်ပါအုံး.... မူးလာပြီ"

အဲ့တော့မှ ရပ်ပေးတယ်။

"ပြောစမ်းကွာ....မင်းဘာကိုဆိုလိုတာလဲ.... ရှင်းအောင်ပြောပြစမ်း.... မပြောနိုင်ရင်တော့လား.... မင်းကိုအကောင်လိုက်... စားပစ်မယ်....ပြော.... သေချာရှင်းပြ"

လက်လွှတ်ပေးတာနဲ့ ရွှေလ ဧည့်ခန်းဆီပြေးထိုင်ရတယ်။
ဝရံတာမှာ ကိုင်ပေါက်ချလိုက်မှခက်နေမယ်လေ။ ဦးသာလွန် စိတ်နည်းနည်းရှုပ်ပြီး ဒေါသလဲထွက်နေပြီဆိုတာသိတယ်။

ရွှေလထိုင်နေတဲ့ ခုံရှေ့မှာ ခါးထောက်ပြီးမတ်တပ်ရပ်ကာ ရွှေလကိုစိုက်ကြည့်နေတယ်။ ရွှေလ မော့်ကြည့်မိတော့ မေးဆတ်ပြတယ်.... ဘာလဲ...ပြောဆိုတဲ့သဘော။

"ထိုင်ပါအုံးလား.... ပြောပြပါ့မယ်... စိတ်အရင်မတိုပါနဲ့အုံး"

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now