part(32)

7.5K 677 34
                                    

Unicode

ကျူးပြသနာက တကယ်အသည်းယားစရာပါနော်။
နေစရာမရှိလို့နေတယ်ဆိုပေမဲ့ သူတို့လူအုပ်​တောင့်ရင် တော်တော်ဆိုးကြပါတယ်။ မြေသိမ်းခရိုနီတွေနဲ့ကျူးတွေက သဘောထားချင်းတူတူပါပဲ။ မတရားသိမ်းတယ် မတရားယူတယ်။ တစ်ချို့ကျူးတွေဆိုရင် ကိုယ်ပိုင်အိမ်ရှိကြပါတယ်။ အလကားလိုချင်လို့ကိုကျူးကြတာပါ။

သာလွန်ကဆောက်လုပ်ရေးလုပ်ငန်းလုပ်တယ်ဆိုပေမဲ့ ဘယ်တုန်းကမှ မတရားမြေဝယ်ယူတာမျိုး မလုပ်ခဲ့ပါဘူး။ အစိုးရဌာနတွေမှာ သူငယ်ချင်းတွေရှိကြပါတယ်။ အစိုးရတင်ဒါတွေခေါ်ရင် လူတကာထက်ပိုပြီး သာလွန်က ကြိုသိရတဲ့သူပါ။ ဒါပေမဲ့ သာလွန်က ကိုယ့်စိတ်ကြိုက်မြေဝယ်ပြီး ကိုယ့်စိတ်ကြိုက်ဆောက်ပြီးရောင်းရတာကို ပိုပြီးအားသန်တာပါ။

အခုလိုကျူးပြသနာတွေဆိုတာ ရန်ကုန်မြို့ရဲ့အနာဆွေးတစ်ခုလိုဖြစ်နေတာကြာပါပြီ။ မြို့သစ်စီမံကိန်းတွေ ဘယ်လောက်လုပ်လုပ် ကျူးပြသနာကမငြိမ်းချမ်းပါဘူး။ ဘာကြောင့်လဲဆိုတော့ ရှင်းပါတယ်.... ခုဏပြောသလိုပေါ့ အိမ်ပိုင်ရှိရက်နဲ့ ကျူးပြီးအိမ်ဆောက်ကြတယ်။ ပြီးရင်ပြန်ငှားစားကြတယ်လေ။ ဒါတွေက တကယ်ကြီးရန်ကုန်မြို့မှာ ဖြစ်နေပါတယ်။ ရွှေ့ပြောင်းလုပ်သားများတဲ့ ရန်ကုန်မြို့မှာ ကျောတခင်းစာနေရာအတွက် လွယ်မှမလွယ်တာ။ ​နေစရာတကယ်မရှိလို့ ကျူးကြရတဲ့လူတွေရှိသလို ပိုင်ဆိုင်မှုရှိရက်နဲ့ ကျူးကြတဲ့လူတွေလဲရှိပါတယ်။

.
.
.

ကားလေးက ဘုန်းကြီးကျောင်းကနေတဆင့် ဆက်မောင်းလာရပါတယ်။ သိပ်မကြာခင်မှာပဲကျူးတွေကိုကျော်လာခဲ့ပါပြီ။
အိမ်တွေခပ်ကြဲကြဲဖြစ်သွားပြီးမှ.... လူနေရပ်ကွက်တစ်ခုကိုထပ်တွေ့ရပါတယ်။

"ဟိုလေ.... ဦးသာလွန်..... ဒီနားအထိဝယ်ထားတာလား"

"အင်း.... ဟိုးရှေ့နားထိလေ.... ဘာဖြစ်လို့လဲ"

"အရမ်း.... ကျယ်တယ်...နော်... တော်တော်ကုန်မှာပဲ"

"ကုန်တာပေါ့.... ဒါပေမဲ့လဲ.... တန်ဖိုးသင့်တင့်တဲ့အိမ်ယာ​ကောင်းကောင်းတစ်ခု ....ကိုယ်ကဆောက်ချင်တာကိုး"

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now