part(23)

7.7K 722 60
                                    

Unicode

အမောဖြေကြရင်း မာမာ့အမေ မေးမြန်းသမျှကိုဖြေကြရသည်။ အိမ်ကနေလှမ်းကြည့်တာ မီးခိုးတွေအများကြီးမြင်ရလို့ ကြောက်နေတာ။ မီးသတ်ကားသံတွေကလဲဆူညံ သူ့ကလေးတွေကလဲမုန့်ထွက်ဝယ်နေတာဆိုတော့ ပြေးပဲကြည့်ရမလို... အိမ်ထဲကပစ္စည်းတွေကိုပဲ သိမ်းရတော့မလို ဖြစ်နေတာတဲ့။ မာမာ့ကိုဖုန်းဆက်ဖို့တော့ လုံးဝသတိမရပါတဲ့။

ထိုအခါကျမှ မီးလောင်နေစဥ်ကတွေ့ခဲ့ရတဲ့ ကယောင်ကတမ်းနဲ့ လူတွေအကြောင်းပြန်တွေးမိကြတော့သည်။

ပြေးထွက်လာသော မိန်းမကြီးများသည် မီး...မီး...မီးလောင်နေတယ်ဆိုပြီး အော်ကြ..ဟိုဘက်နှင့် ဒီဘက်ကို ပြေးလွှားအော်နေကြတာ။ ပြေးလဲပြေး အော်လဲအော်နေကြပေမဲ့ မီးလောင်တာကိုတော့ဘာမှမကူညီနိုင်ကြလောက်အောင် ယောင်နေကြတာ။
လန့်လွန်းပြီးလုပ်မိလုပ်ရာ လုပ်ကြတဲ့သဘောပေါ့။

ပြေးထွက်လာပြီးမှ.... မီးဟေ့ဆိုပြီး လန့်ကာမူးလဲသွားသူကို ဆွဲဖယ်ထုတ်ရတာ တစ်မျိုး...

လက်ထဲမှာ အထုတ်တစ်ထုတ်ကို ဆွဲပြီးထွက်လာတာ.... အထုတ်က မတော်တဲ့အဝတ်တွေ သူများတကာကိုပေးဖို့ ထုတ်ထားတဲ့အထုတ်ကြီး ဖြစ်နေတာကတမျိုး...

ရေ...ရေ...လောင်းကြပါဟဲ့ဆိုပြီး.... ရေကို ရုတ်တရက်ဘယ်က ပြေးယူရမှန်းမသိလို့ အော်နေတဲ့သူကတမျိုး....

နို့စို့ကလေးကို နို့တိုက်ရင်း ထွက်လာပြီး ယောင်ယမ်းကာ နို့ပဲထိုင်ပြီးတိုက်မိနေတဲ့သူကတမျိုး....

အော်ဟစ်ဗြောင်းဆန်ပြီး တစ်လမ်းလုံးကမ္ဘာပျက်သည့်နှယ်ပင်။

မီးသတ်ကားလာပြန်တော့လဲ သူတို့အိမ်တွေထဲမှ ဆွဲမိဆွဲရာ ထုတ်လာသော အထုတ်ကြီး အထုတ်ငယ်အသွယ်သွယ်ကို ရှောင်ပြီးမောင်းလာကြရသေးတာ။

မီးက အိမ်ရဲ့သုံးပုံနှစ်ပုံလောက်ပဲ လောင်သွားပေလို့ပါပဲ။ မီး ကြီးခဲ့ရင် မတွေးရဲစရာပါ။

တော်တော်လေး သွေးပျက်စရာကောင်းတဲ့ မြင်ကွင်းကြီးဖြစ်သည်။

မီးလောင်နေစဥ် သွေးပျက်ခြောက်ချားစရာဖြစ်ခဲ့ပေမဲ့ အခုတော့....  ပြန်ပြီး ဖြစ်ပျက်သမျှကို ရယ်လိုက် မောလိုက် ပြောနိုင်ကြပြီ။

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now