Unicode
ထိုနေ့မှစပြီး ရက်ပေါင်းများစွာဖြတ်ကျော်မိကြတယ်။
ဦးသာလွန်က အလုပ်တွေကြားမှာ အချိန်ပိုမရှိတဲ့အထိဖြစ်နေရပြီး ရွှေလတစ်ယောက်လဲ ဖွားအနားကနေမခွာရပါဘူး။ ဒါကပဲ ပုံမှန်ဘဝတွေမဟုတ်လား။ ရွှေလစိတ်ထဲမှာ ချစ်သူတွေဆိုတော့ တနည်းတစ်ဖုံများပြောင်းလဲသွားကြမှာလားထင်မိပေမဲ့ တကယ်တော့ ပိုပြီးလုံခြုံတဲစိတ်ခံစားချက်တွေနဲ့ အေးအေးချမ်းချမ်းရှိပါတယ်။
လွန်ခဲ့တဲ့ရက်ပေါင်းများစွာမှာ စိတ်ပင်ပန်းလူပင်ပန်းဖြစ်ခဲ့ရတဲ့အကြောင်းပေါင်းများစွာထဲမှာ လှည့်ကြည့်ရင်ကိုယ့်ကျောပဲရှိတဲ့ ရွှေလဘဝကြောင့်လဲ ပါပါတယ်။ ကူညီစောင့်ရှောက်သူတွေရှိကြတယ်ဆိုပေမဲ့ အားနာတတ်တဲ့ရွှေလက ဘယ်သူ့ကိုမှ လိုတာထက်ပိုပြီးအပူမကပ်ချင်ဘူးလေ။ တော်သေးတာက ရွှေလအနားမှာ နားလည်ပေးသူတွေဝိုင်းနေပေလို့ပေါ့။
မြေးအဖွားနှစ်ယောက်ထဲရပ်တည်ကျော်ဖြတ်လာတာ နှစ်များစွာကြာတော့လဲ ဖွားမှာရွှေလပဲရှိတယ်လို့ထင်မိပြီး ရွှေလမှာလဲဖွားတစ်ယောက်ပဲ အားကိုးစရာရှိတယ်လို့ ထင်နေမိတာပါ။
Ring.... Ring.... Ring...
ဦးသာလွန်ဖုန်းခေါ်တယ်။
"ကလေးလေး.... "
"ဟုတ်..... "
"ညနေလာမယ်နော်..... ဘာစားချင်လဲ.... ဘာဝယ်ခဲ့ရမလဲ"
"ရတယ်.... ဘာမှမလိုဘူး.... လူပဲရောက်လာရင်ရတယ်"
"လူက.... ဘာလုပ်ဖို့လဲ"
"ဘာမှမလုပ်ပါဘူး..... သတိရနေသလားလို့"
"မသေမချာနဲ့ပါလား.... သတိကရတာလား.... မရတာလား"
"အင်း.... နည်းနည်း..."
ဦးသာလွန်ရောက်မလာနိုင်တာ နှစ်ရက်ရှိပြီလေ။
အလုပ်တွေများတယ်။
ရွှေလလဲဘာမှမကူပေးနိုင်တော့ခက်သား။
"ထမင်းတော့.... သေချာစားနော်.... ဦးသာလွန်"
"ဟုတ်ကဲ့ပါဗျာ.... အဖိုးကြီးအိုလေးရယ်"
"အဟင်း.... စေတနာပြောတဲ့ဟာကို"
"အသံကလဲကွာ.... ဝါးစားချင်စရာ.... မရယ်နဲ့.... ကိုယ်... အရမ်းတွေ့ချင်လာပြီ"
YOU ARE READING
မေတ္တာမိုး သွန်းဖြိုးလို့ရွာ
Romanceသတ်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ ငယ်သော်လည်းရင့်ကျက်နေတဲ့ကောင်ငယ်လေးတို့ နှစ်ယောက်အကြောင်းပါ။ လိုက်ပါစီးမျောပေးပါအုံးနော်။
