part(28)

8.7K 711 58
                                    

Unicode

မနက်စောစောနိုးတတ်တဲ့အကျင့်ကြောင့် ရွှေလအိပ်ယာကနေ စောစောပဲနိုးလာတယ်။ မျက်နှာမူထားတဲ့ဘက်မှာမြင်လိုက်ရတာက ခပ်လှမ်းလှမ်းလေးမှာရှိနေတဲ့ ရွှေလရဲ့ခေါင်းအုံးပန်းရောင်လေး.... ဟင်... ဒါဖြင့် အခုခေါင်းအောက်ကဘာကြီးလဲ။
လက်နဲ့ကိုယ့်ခေါင်းအောက်ကို စမ်းကြည့်မိတော့... လား....လား.... လက်တစ်ဖက်ပါလား.... သေပြီ.... ဦးသာလွန်ရဲ့ လက်ပေါ့။ ကျောဘက်ဆီမှ နွေးထွေးနေတဲ့ကျယ်ပြန့်တဲ့ ရင်ဘတ်.... အသံရှုသံက ကျောဘက်မှာ ခပ်တိုးတိုးကြားနေရတယ်။
အိပ်ချင်မူးပြီး နိုးလာကာစမို့ ပတ်ဝန်းကျင်ကိုသေချာ မသိသေးတာ။ သိလဲသိသွားရော ဒိတ်ကနဲတုန်သွားတဲ့ရင်နဲ့ ဖြေးဖြေးလေးလှည့်ကြည့်ရတယ်။

"နိုးပြီလား.... "

"ကုလားရေ...."

အရမ်းကပ်နေတဲ့ မျက်နှာ....
သူနိုးနေတာကို မသိဘဲ အဲ့မျက်နှာနားကိုကပ်မိသွားတယ်။
လန့်လိုက်တာဆိုတာလေ.....
နောက်ကိုခုန်ဆုတ်ပြီး ကိုယ့်မျက်နှာကိုကိုယ့်လက်နဲ့ပိတ်ကာ လန့်အော်မိတယ်။

" စောစောစီးစီး.. ပေါကအကရတွေယောင်ပြန်ပြီ... ဟမ်.... ပေါက်တောက်လေး"

"ဟင့်.... ကျွန်တော်က အိပ်ဆော့တတ်တယ်.... အားနာလိုက်တာ ဦးသာလွန်ရယ်.... ညက.... ညက... ဘာလုပ်မိသေးလဲဟင်... ကန်တော့ပါနော်.... sorry ပါနော်"

ရွှေလက အိပ်ရင်ကန်တတ် ခွတတ်တဲ့အကျင့်ရှိတယ်။ ပြီးရင် အိပ်ပြီလားဆိုရင် ဖက်လုံးလဲလိုတယ်။ အခုက သူများနေရာမှာအိပ်ရတာဆိုတော့ ဂျီးဂျောင်မများချင်တာကြောင့်သာ ဘာမှမပြောမိတာ။ ဖွားနဲ့ဆိုရင် ရွှေလက ဖက်ပြီးအိပ်တတ်သေးတာ။ ဖက်ပြီလားဆိုရင်လဲ ခြေတွေရော လက်တွေရောနဲ့ဖက်ပစ်တတ်တာ။ ကဲ....အခုတော့....ဂွကျပြီလေ။

"အားးးးး...... တစ်ညလုံးကွာ.... ကောင်းကောင်းမအိပ်ရပါဘူး.... မင်းကလေ.... အိပ်မှအကျင့်တွေအကုန်ပေါ်လာတာလား.... ဟုတ်လား"

သာလွန့်ကိုအားနာနေတာသိတာကြောင့် အိပ်ယာနိုးလာကာစ မှုန်တိမှုန်ဝါးမျက်နှာဖောင်းဖောင်းလေးပေါ်မှာ မျက်လုံးအစ်အစ် နှုတ်ခမ်းထော်ထော်နဲ့ ကလေးပေါက်စလိုဖြစ်နေတဲ့သူကို မ စဘဲမနေနိုင်တော့ပါ။ တကယ်လဲ ပေါက်တောက်အိပ်တာ ခြေလွတ်လက်လွတ်ပါပဲ။ အိပ်ရာဝင်စကတော့ အိ​န္ဒြေတစ်ခွဲသားနဲ့ ကိုယ့်ကိုကျောပေးပြီးထောင့်ကပ်အိပ်သွားတာ။ အိပ်ပျော်သွားတာနဲ့အတင်းတိုးခွေ့ပြီး ဝင်လာတာပါပဲ။ တစ်ယောက်ထဲအိပ်ကျင့်ရှိတဲ့ သာလွန့်မှာ တော်တော်အိပ်ရခက်ပါတယ်။ သို့သော် တစ်ညလုံး ဘယ်ကဘယ်လိုရောက်လာတဲ့ စောင့်ရှောက်ချင်စိတ်လဲမသိပါဘူး။ ကလေးမိခင်တစ်ယောက်လို ကိုယ့်ရင်ငွေ့က သူ့ကိုနွေးထွေးစေချင်တဲ့စိတ်ပေါ်လာခဲ့တယ်။

မေတ္တာမိုး သွန်းဖြိုးလို့ရွာDonde viven las historias. Descúbrelo ahora