part(37)

7.4K 674 51
                                    

Unicode

ဦးနှောက်နဲ့အာရုံကြောဘက်မှာ လေဖြတ်သူတွေ... ခေါင်းခွဲစိတ်ဖို့လိုအပ်သူတွေ.... အဲ့လိုလူတွေအတွက် သီးသန့်ဖြစ်ပါတယ်။ ရွှေလကို ဖွားအခြေအနေနဲ့ပတ်သက်လို့ သိပ်မရှင်းပြတာကြောင့် ရွှေလစိတ်ပိုပူရပါတယ်။ ဆေးရုံမှာ သုံးရက်မြောက်နေ့မှာတော့ ဖွားကိုတာဝန်ယူကုသပေးနေတဲ့ ဆရာဝန်ကြီးကို ရွှေလမေးဖို့ ကြံရွယ်ထားပါတယ်။ ဖွားကိုကုသမှုပေးနေပေမဲ့အားရစရာတိုးတက်လာတာလဲမရှိသလို ဆိုးရွားနေတာလဲ မဟုတ်ပြန်ပါ။ တစ်ရက် နှစ်ရက်နေရင် ဆေးရုံဆင်းခွင့်ရမယ်ဆိုတော့ ရွှေလ ပိုပြီးစိတ်ပူရပါတယ်။ ဖွားက စကားသံလဲ သိပ်မပီသေးဘူးလေ။

ဆရာဝန်ကြီးကိုမေးတော့ ဆရာဝန်ကြီးက လူကြီးတွေကိုရှင်းပြထားတယ်တဲ့လေ။ ရွှေလကို ကလေးလို့ထင်နေပုံရတာကြောင့် ရွှေလက ဖွားရဲ့မြေးဖြစ်ကြောင်းပြောပြရတယ်။ ဒါနဲ့ပဲ ဆရာဝန်ကြီးက စိတ်အေးအေးထားဖို့ပြောပြီး အတတ်နိုင်ဆုံးရှင်းပြပေးပါတယ်။ ဒါပေမဲ့လဲ ရွှေလသိလိုက်ပါပြီလေ။ ဦးသာလွန်နဲ့မသီတာက ရွှေလကိုအရိပ်တကြည့်ကြည့်နဲ့ ဖြစ်နေကြပြီး မေးလိုက်တိုင်း အဆင်ပြေပါတယ် ကောင်းသွားမှာပါလို့ချည်း ပြောနေကြတာ။
ရွှေလ စိတ်အားတင်းပါသော်လည်း တကယ်တော့ အဆင်ပြေမနေပါ။ ဒီရက်ပိုင်းမှာ ဦးသာလွန်က မလာနိုင်ခဲ့။ ဖုန်းဆက်ပြီး သတင်းမေးတယ်။ ရွှေလကို ဂရုစိုက်ဖို့ အချိန်မှန်စားဖို့ အိပ်ဖို့မှာတယ်။ ထွဋ်ခေါင်ကိုလဲ အကူခေါ်ထားတဲ့အကြောင်း ပြောပါတယ်။ မနန္ဒာလဲ မနေ့ကပဲ ပြန်ရောက်လာတယ်။ ရောက်ရောက်ချင်း ရွှေလရှိနေတဲ့ ဆေးရုံကိုရောက်ချလာပြီး အားပေးတယ်။ မပိုမိုတို့ အန်တီအေးတို့ကလဲ ဖုန်းဆက်ပြီးအားပေးပါတယ်။ ဘယ်လိုပဲ ကောင်းမွန်တဲ့လူတွေကြား ရောက်ရသော်လည်း မကြာခင်မှာ ဖွားက ​ရွှေလကို ဒီလောကကြီးအလယ်မှာ ထားခဲ့တော့မှာမှလား။
တစ်ကောင်ကြွက် တစ်မျက်နှာဖြစ်ရတော့မယ်။

အားတင်းကာလျှောက်လာမိရင်း ဆေးရုံ​ကော်ရစ်ဒါလေးမှာ ထိုင်ငိုနေတဲ့အဖွားအိုတစ်ယောက်ကို ရွှေလ တွေ့မိတယ်။ စိတ်ထဲမှာလဲ မြင်ဖူးသလိုလိုခံစားရတယ်။ ကြမ်းပြင်မှာထိုင်ကာ တရှုံ့ရှုံ့ငိုနေတဲ့ အဝတ်အစားနွမ်းဖတ်ဖတ်နဲ့အဖွားအို.... ပခုံးပေါ်က ပဝါလေးကအစညစ်ပတ်နွမ်းလျလို့ပါ။
ရွှေလရဲ့ မူရင်းစိတ်ခံက သနားတတ်လေတော့ ကိုယ့်လမ်းကိုယ်ဆက်မသွားဘဲ ရွှေလက အဖွားအိုအနားကိုရောက်သွားမိတယ်။

မေတ္တာမိုး သွန်းဖြိုးလို့ရွာTempat cerita menjadi hidup. Temukan sekarang