part(13)

8K 774 43
                                    

Unicode

ဒုတ်ထိုးဆိုင်လေးမှာ ကျွက်ကျွက်စီနေတယ်။
ဒီဝက်သားဒုတ်ထိုးဆိုင်က ရွှေလရဲ့အသည်းစွဲဆိုင်လေး။
ကျောင်းသားဘဝကတည်းက စားလာတာ အခုထိပဲ။
လမ်းဘေးဆိုင်လေးဘဝကနေ ဆိုင်ခန်းလေးနဲ့ဖွင့်ပြီးရောင်းတဲ့အထိရွှေလတို့က အားပေးဆဲပဲ။
မရောက်တာကြာနေပြီလို့ ဦးလေးကြီးက သတိရစကားပြောနေသေးတာ။

"နင်အဆင်ပြေရဲ့လား.... ဖိုးရွှေလ... အလုပ်ကအကြောင်း ပြောပြစမ်း"

အူပိတ်တစ်ခုကို ဆွဲယူပြီးဟင်းရည်ထဲကိုနှစ်လိုက်တယ်။ စားချင်တာတွေလှီးခိုင်းနေတုန်းမှာပဲ ပါးစပ်မအားချင်တဲ့ မာမာက လှီးပြီးသားအူပိတ်တစ်ခုကိုစ​ပြီး ငမ်းတယ်။

"ပြေတယ်.... ပြေတယ်.... အရမ်းကို...အမ်း....လျှာကိုထူထူလေးနော် ဦးလေး"

"ဟဲ့....သေချာပြောစမ်းပါဟဲ့.... အစားကို အရင်ငမ်းမနေနဲ့"

ပါးစပ်ကဖြေနေရင်း ဒီပါးစပ်သုံးစရာနေရာထပ်ပေါ်လာတာကြောင့် ရွှေလရဲ့စကားက မာမာ့ကိုတစ်ဝက် ဒုတ်ထိုးဦးလေးကိုတစ်ဝက်ဖြစ်သွားတယ်။

"ဟင်.... မသိဘူးဟာ.... အရင်စားမယ်.... ပြီးမှမေး"

"ကဲပါ.... မာမာရယ်.... ဒုတ်ထိုးဆိုတာ....ရွှေလ ငယ်ချစ်ဦးဆိုတာ နင်လဲသိနေတာပဲ.... စားပြီးမှမေးစမ်းပါ.... ဟေ့ကောင်... ရွှေလ.... ဒုတ်ထိုးပြီးရင်ဘာလဲ"

"တော်ပြီလေ.... ဒုတ်ထိုးဖိုးဘယ်လောက်ရှင်းရမလဲ အရင်ကြည့်အုံး.... ဘာထပ်ငတ်ချင်သေးလို့လဲ"

သူငယ်ချင်းတစ်သိုက်ရဲ့ စာစာစီစီစကားသံလေးတွေကြားမှာ ဦးလေးကြီးကပြုံးလို့ပဲ။
လက်တွေကလဲ သွက်လက်စွာနဲ့ လှီးဖြတ်ပေးနေတယ်။
သန့်ရှင်းပြီး အရသာကောင်းတယ်။ ဦးလေးကြီးရဲ့ ဒုတ်ထိုးအရသာက စားဖူးသမျှထဲမှာအကောင်းဆုံးပါ။
အူချို အူပိတ် သရက်ရွက် အချင်းတိုင် လျှာ အရိုးနု အသည်း နှလုံး ကျောက်ကပ် အကြိတ်စိ သွေးခဲ အခေါက် အူမကြီး.... အစုံရတယ်။ အနံ့အသက်ကင်းပြီး စားလိုက်သမျှနူးညံ့ပြီး လျှာပေါ်မှာစွဲနေပါရော။
အချဥ်ရည်ကလဲ ဆိုင်ရဲ့မူပိုင်ကိုယ်တိုင်စပ်ထားတာဖြစ်ပြီး ကြံမဆိုင်ရွက်ခပ်ထည့်ထားတဲ့ဟင်းရည်ကလဲ လိုသလောက်စိတ်ကြိုက် ကိုယ်တိုင်ထည့်သောက်လို့ရတယ်။ ရွှေလက ကြက်သွန်ဖြူတော့မစားပါဘူး။ ကြက်သွန်ဖြူကိုအစိမ်းမစားတတ်တာကြောင့်ပါ။ ငရုတ်သီးစိမ်းကတော့ တဖောက်ဖောက်နဲ့ ဒုတ်ထိုးတစ်ချောင်း ငရုတ်သီးစိမ်းတစ်တောင့်ပဲ။

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now