part(21)

8.1K 732 53
                                    

Unicode

ရွှေလ လက်ကနာရီကိုတကြည့်ကြည့်နဲ့ တိုက်ရှေ့လမ်းမပေါ်မှာ ရပ်နေတယ်။
အခု ရုံးကိုသွားရမှာမဟုတ်ဘူး။ ဦးသာလွန်နဲ့အတူတူ မြောက်ဒဂုံကို လိုက်ရမယ်တဲ့လေ။
ဒါကြောင့် သူထွက်လာမဲ့အချိန်နဲ့ကိုက်ပြီး ဦးသာလွန်က ဖုန်းဆက်ထားပြီးသား။
စျေးရှိတဲ့ပလက်ဖောင်းဆိုတော့လူကရှုပ်တယ်။
လူရှင်းရာနေရာလေးကိုရွေးကာရပ်​နေရင်း ကားလမ်းမကိုမျှော်ငေးနေရတယ်။
ရွှေလ အခုဆို ရုံးမှာသိပ်နေရတယ်မရှိဘူး။
အပြင်ထွက်ရတာကများနေပြီ။
မနန္ဒာက ရုံးကကိစ္စတွေကိုတာဝန်ယူနိုင်တာကြောင့် ရွှေလက ဦးသာလွန်သွားရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို လိုက်ရဖို့ဖြစ်လာတယ်။
မနန္ဒာပြောတာကတော့ ဦးသာလွန်က ရွှေလကိုသူခေါ်သွားမယ်လို့ပြောလို့တဲ့လေ။

ရွှေလကလဲ ရုံးပိုင်းတာဝန်တွေကို သိသင့်သလောက်သိပြီဆိုတော့ အပြင်လိုက်ရတာကိုစိတ်ဝင်စားပါတယ်။
မနန္ဒာက လက်ထပ်​ပြီးချက်ချင်းအလုပ်ထွက်သွားမှာ မဟုတ်ဘူးဆိုတော့ ဦးသာလွန်က ရွှေလကိုအပြင်ခေါ်သွားဖို့ ပြောတာဖြစ်ပါတယ်။
ဒါကြောင့်ပဲ ထွဋ်ခေါင်နဲ့ကပိုပြီးဝေးကွာသွားသလိုဖြစ်နေရပါတယ်။ ရွှေလမှာရုံးကိုပြန်ရောက်ပြီဆိုရင်လဲ ဦးသာလွန်အနားကမခွာရတာများပါတယ်။ တစ်ခုပြီးရင်တစ်ခု ခိုင်းနေလို့ပါ။

.
.
.

Ring.... Ring.....

"ဟုတ်ကဲ့.... ဦးသာလွန်...."

"ရောက်တော့မယ်...."

"ဟုတ်.... ကားကိုတွေ့နေပြီဗျ.... လာပြီ....ကျွန်တော်လာပြီ"

"ဟေ့... ဟေ့.... မလာနဲ့.... သြော်.... ဒီကလေး"

ကားကိုမြင်တာနဲ့ပြေးလာနေပြီဖြစ်တဲ့ ရွှေလကို ဦးသာလွန်တစ်ယောက် စိတ်ပူပြီလေ။ လက်ထဲမှာဖိုင်တစ်ထပ်ကိုကိုင်ပြီး ကျောပိုးအိတ်လေးနဲ့ လမ်းတစ်လျှောက်ပြေးလာတဲ့ အဖြူတုတ်လေး.....
ကားတွေကြား လူတွေကြားမှာ ကားရပ်ထားရာဆီကိုပြေးရတယ်။ ကြာကြာရပ်လို့မရတဲ့နေရာတွေမို့ပါ။

"ဘယ်လိုဖြစ်လို့ ပြေးလာတာလဲ.... မင်းကိုနေ့တိုင်းပြောရတယ်.... အတင်းကာရောပြေးမလာဖို့"

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now