part(33)

7.3K 688 16
                                    

Unicode

အိမ်ယာစီမံကိန်းအသစ်တစ်ခုအတွက် အလုပ်များနေချိန်မှာပဲ ရွှေလ အလုပ်ကိုခွင့်ယူရတဲ့အကြောင်းပေါ်လာပါတယ်။ ဖွား သွေးတိုးပြီး လေ​ဖြန်းချင်သလိုဖြစ်သွားတာကြောင့်ပါ။ ရာသီဥတုကလဲ အအေးကဲလာတဲ့အချိန်မှာပေါ့။ ဝက်သားဆိုအလွန်ကြိုက်တဲ့ မြေးအဖွားနှစ်ယောက်ဆိုတော့ တစ်ပတ်မှာ ဝက်သားကို သုံးရက် လေးရက်ချက်စားတတ်ကြတယ်။ လမ်းမတော်စျေးထဲက ဝက်သားသည်တွေဆိုတာ ခေတ်အဆက်ဆက် ဖွားနဲ့ခင်မင်လာသူတွေဆိုတော့လဲ ရောင်းတာထက် အမြဲပိုသာထည့်ပေးတတ်ကြသေးတာ။
ဝက်သားဆို ဟင်းချည်းချက်စားရတာမျိုးထက် အရွက်ကြော်ထဲလဲထည့် အရည်သောက်ထဲလဲထည့်ချက်လေ့ရှိတဲ့ ရွှေလနဲ့ဖွားပါ။ မြေအဖွားနှစ်ယောက် တက်ညီလက်ညီကြိုက်ကြတာဆိုတော့လဲ မညီးမညူစားနိုင်ကြတာပေါ့။

အဲ့သည်နေ့က......
မနက်စောစောထကာ ရေခဲသေတ္တာထဲမှာ လက်ကျန်ရှိတာလေးနဲ့ ဟင်းပြင်ဆင်ချက်ပြုတ်ဖို့ ရွှေလပြင်ဆင်ပါတယ်။ ရွှေလချက်ပြုတ်ပြီးသည်အထိ ဖွားက အိပ်ယာကထမလာတာကြောင့် အဖွားဆီသွားရပါတယ်။

"ဖွား..... ဘာဖြစ်တာလဲ....ဖွားရဲ့"

ကုတင်ပေါ်မှာ တဆတ်ဆတ်တုန်နေတဲ့ပုံစံမျိုးဖြစ်နေတဲ့ ဖွားကိုမြင်ပြီး ရွှေလ အသံကုန်အော်ပါတယ်။ ဖွားက စကားလဲမပြောနိုင်သလို ပါးစပ်ကလဲရွဲ့ချင်နေပြီ။
အိပ်ယာထကတည်းက ရွှေလ aircon ကိုပိတ်ထားခဲ့တယ်ဆိုပေမဲ့ အခန်းထဲမှာအေးနေဆဲပါ။ ဖွားက ဒီနေ့ဒီအချိန်ထိ နေမကောင်းတာဖြစ်ခဲပါတယ်။ တစ်ခါတစ်ရံ ရာသီအကူးအပြောင်းလောက်ပဲ နည်းနည်းဂရုစိုက်ရတာပါ။ အမြဲတက်ကြွရွှင်လန်းပြီး လမ်းလဲလျှောက်တာမို့ ကျန်းမာပါတယ်။ အခုလိုတစ်ခါမှ မဖြစ်ဖူးပါဘူး။
သြော်.... ဒါပေမဲ့ ဖွားက သွေးနည်းနည်းတိုးတတ်ပါတယ်။
ညကလဲ ရွှေလတို့မြေးအဖွားညစာကို ဝက်သားစားခဲ့ကြတာ.... ဖွား.... သွေးတိုးတာလား။

ဖွားက ကုတင်ပေါ်က ထဖို့ကြိုးစားနေတာပါ။
ဖွားရဲ့ပုံစံက ရွှေလကိုသွေးပျက်စေပါတယ်။

"ဖွား.... ဖွား.... ဖွား.... အီး....ဟီး....ဖွား"

ရွှေလခြေမကိုင်မိ လက်မကိုင်မိနဲ့ငိုတာပဲ လုပ်တတ်ပါတော့တယ်။ ပြီးမှ မသီတာကိုဖုန်းဆက်ဖို့သတိရပါတယ်။ မသီတာက ချက်ချင်းပြေးလာတယ်။
အိမ်ရှေ့ခန်းက အိမ်နီးချင်းတွေပြေးခေါ်တော့လဲ ချက်ချင်းလိုက်လာကြပေးပါတယ်။
ရွှေလတစ်ယောက် ငိုရုံကလွဲပြီး ဘာမှမလုပ်တတ်ပါဘူး။ ဖွား တစ်ခုခုဖြစ်ရင်ဆိုတဲ့အတွေးကြောင့် လူကပူလောင်ယောက်ယက်ခတ်ကာ ဘာတွေလုပ်လို့လုပ်မိမှန်းမသိတော့ပါဘူး။

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now