Unicode
ရွှေလရဲ့လက်ကိုလုံးဝလွှတ်မပေးတော့တဲ့ ဖွားကြောင့် ကုတင်ဘေးမှာ တစ်ချိန်လုံးထိုင်နေရပါတယ်။
ဖွားရဲ့မျက်လုံးထောင့်တွေမှာ မျက်ရည်တွေစီးကျနေဆဲ။ စကားပြောရင် မပီသတော့တဲ့အတွက် ဖွားက ဘာမှမပြောတော့ပါ။မသီတာကလဲ ဆရာဝန်ကြီးနဲ့တွေ့ပြီးပြန်လာတာနဲ့ငိုလို့ချည်းနေပါတယ်။ ရွှေလ မေးသော်လည်း အဆင်ပြေပါတယ်လို့သာပြောနေတာ။ ဦးသာလွန်ကို အားကိုးတကြီးကြည့်မိတော့လဲ ရွှေလကို အေးဆေး ဘာမှမဖြစ်ဘူးလို့ပဲပြောတယ်။
ဒီညတော့ ဆေးရုံကြီးမှာပဲ ဆေးရုံတက်ကြရဖို့ဖြစ်လာတယ်။ လူနာစောင့်လဲ တစ်ယောက်ပဲနေခွင်ရတာမို့ မိုးလင်းကတည်းက လိုက်လာခဲ့ရတဲ့မသီတာကိုပြန်ခိုင်းပြီး ရွှေလပဲ ညအိပ်စောင့်ဖို့ဖြစ်လာတယ်။ နောက်တစ်နေ့မနက်မှာတော့ ဆေးရုံကြီးရှေ့က ဦးနှောက်နဲ့အာရုံကြောဆေးရုံဘက်ခြမ်းကို ပြောင်းတက်ရမယ်တဲ့။ တစ်ညလုံး ရွှေလ အိပ်လို့မပျော်တော့ပါ။
အဖွားအတွက် ဆုတောင်းရင်း.... ငိုရင်း.... တစ်ယောက်ထဲ အားတင်းရင်းပေါ့လေ။
.
.
.
.ညလယ်.....
ဖွားကိုကြည့်မိတော့ အိပ်ပျော်နေရှာတယ်။ စိတ်တွေက လှုပ်ခပ်လွန်းတာကြောင့် ရွှေလ ဖုန်းခေါ်ချင်မိတယ်။ အချိန်က ည နှစ်နာရီကျော်နေတာဆိုတော့ ဖုန်းဆက်ရမှာ အားနာတယ်။ အခုချိန်မှာ ရွှေလ ကြောက်ပြီးငိုချင်တာမို့ တစ်စုံတစ်ယောက်ကိုမှီခိုခွင့်ရချင်တယ်။
ဒါပေမဲ့....ထိုအချိန်မှာပဲ ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာတယ်။
"Hello..... ဦးသာလွန်"
"ကလေးလေး.... ပေါက်တောက်လေး.... အိပ်ပြီလား"
"အဟင့်.... မအိပ်ပါဘူး"
မျှော်နေတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင်ဝင်လာတဲ့ ဖုန်းကြောင့် ရွှေလထိန်းထားရင်းကြားက ငိုသံကအရင်ထွက်သွားတယ်။
"မင်း.... ငိုနေပြန်လား.... မငိုပါနဲ့.... ကိုယ်လဲ.... ဒီအချိန်ကြီး..... မင်းဆီလာခဲ့လို့မရဘူးကွာ"
"ဟုတ်.... ရတယ်.... မလာနဲ့.... ရပါတယ်.... ဖွားက.... ဖွားကလေ.... သက်သာပါတော့မလား.... ဟင်... ဦးသာလွန်"

أنت تقرأ
မေတ္တာမိုး သွန်းဖြိုးလို့ရွာ
عاطفيةသတ်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ ငယ်သော်လည်းရင့်ကျက်နေတဲ့ကောင်ငယ်လေးတို့ နှစ်ယောက်အကြောင်းပါ။ လိုက်ပါစီးမျောပေးပါအုံးနော်။