part(43)

9K 762 148
                                    

Unicode

ဖြတ်ကနဲ မျက်လုံးလွှဲသွားတယ်။
သာလွန်လဲ စိတ်ကပေါက်ပေါက်နဲ့ လွှဲသွားတဲ့မျက်နှာကိုဖမ်းဆွဲထားမိတယ်။
မျက်မှန်အောက်က မျက်လုံးတွေကိုစုံမှိတ်ထားတယ်။ သူ့နှုတ်ခမ်းသူဖိကိုက်ထားပေမဲ့ တဆတ်ဆတ်တုန်နေတာကို မြင်ရတယ်။ မေးစေ့ကနေကိုင်ပြီးဆွဲမော့်ထားတာကြောင့် နီးကပ်နေတဲ့မျက်နှာကို ဒီတိုင်းပဲထိုင်ကြည့်နေလိုက်တယ်။ မင်းပဲရှောင်နိုင်မလား ငါပဲလိုက်နိုင်မလားပေါ့။

တင်းနေအောင်မှိတ်ထားတဲ့မျက်လုံးအစုံမှာ မျက်ရည်တွေစီးကျလာချိန်မှာတော့ သာလွန် ဆက်ပြီးမတင်းနိုင်တော့ဘူး။ တကယ်က သာလွန်စိတ်တော်တော်မရှည်တော့တာပါ။ သို့သော်.... ထိုမျက်ရည်များသည်.....

"ငိုပြန်ပြီကွာ..... "

"မငိုလို့.... ရယ်နေရမှာလား.... "

ဟ....
ရန်စကားတော့ပြန်ပြောတတ်​​သေးတယ်။

"သိတာလား.... မသိတာလား.... ပြော"

ခေါင်းခါဖို့ကြိုးစားတယ်။ သူ့မျက်နှာကိုဆွဲကိုင်ထားတာကြောင့်ခါလို့မရဘူး။ ဒါမျိုးလာမလုပ်နဲ့လေ.... ငါသာမိန်းမစောစောယူရင် မင်းအရွယ်သားတစ်ယောက်မွေးလို့ရတယ်။ အဲ့လိုတွေလုပ်မှာသိလို့ ဖမ်းကိုင်ထားတာ။

"မညာနဲ့...."

ဖျက်ကနဲပွင့်လာတဲ့ မျက်လုံးတွေ.....
တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိတာအကြာကြီးပဲ။
မျက်လုံးဆိုတာ စိတ်ရဲ့တံခါးပေါက်လေ။
ပါးစပ်က ကြိုက်သလောက် ငြင်းလို့ရတယ်။
မျက်လုံးကတော့ ငြင်းမရနိုင်ဘူး။

"ဟင်.... "

သာလွန်က ထပ်မေးတယ်။ တည်ငြိမ်စပြုလာပြီဖြစ်တဲ့ ပေါက်တောက်လေးက သာလွန့်လက်တွေကို ဆွဲယူလိုက်တယ်။ တယုတယတော့ဘယ်ဟုတ်မလဲ။ သူ့မျက်နှာကို မလွှတ်သေးလို့ ဖယ်တာပါ။

"ဦးသာလွန်...."

"အင်း...."

"အဲ့ဒါ.... အဆင်မပြေဘူး"

"ဘယ်ဟာလဲ.... ဘာကအဆင်မပြေတာလဲ"

"အားလုံးပေါ့.... ဘာဆိုဘာမှ....အဆင်မပြေဘူးလေ"

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now