♥♥♥♥

1.2K 97 25
                                    


''အဲ့လောက်ချမ်းသာပြီးရင် တော်ပြီပေါ့ ဦးသာလွန်ရယ်.... ဘာလုပ်ဖို့ပိုက်ဆံကို ထပ်ရှာဦးမလဲ''

''အားနေရင် စိတ်လေမှာစိုးလို့ပေါ့....''

''အိုး.. လေရအောင် ကလေးလား....''

''လူကြီးကပိုတောင် လေတတ်သေး....''

''ဒါဆိုလဲ လေလိုက်တော့.... အလုပ်ကိုနားပြီးရင် ကြိုက်သလောက်လေ...''

''ဟာကွာ.... အလုပ်မနားချင်ပါဘူးဆိုမှ...''

''ပြောမရရင် သိတယ်နော်...  ''

''မသိဘူး....''

''ဘာပြောတယ်....ဦးသာလွန်နော်...''

စိတ်ကောက်တော့မလို ထော်ထွက်လာတဲ့နှုတ်ခမ်းတွေကြောင့် ကြည့်လက်စfileကို ဘေးပစ်ချပြီးအလုပ်စားပွဲကနေ သာလွန်ထလိုက်ရတယ်။ အခုတလော ပေါက်တောက်လေးက လူကိုသိပ်ဆူတာ။

''ဟား.... ဟား... နောက်တာပါကွ... ကိုယ့်ပေါက်တောက်လေးအကြောင်း ကိုယ်အသိဆုံးပေါ့...''

''ဘာတွေသိတာလဲ... အလကား.... ဦးသာလွန် ကျွန်တော့်ကိုဘာမှမသိဘူး''

''ဟာကွာ.... ဘာကျွန်တော်လဲ... Honey လေးရယ်... စကားပြောတာ မရင့်သွားပါနဲ့... ကိုယ်တကယ် အသည်းကြွေကျသွားလိမ့်မယ်နော်... ကိုယ်သေသွား​တော့မှ....မင်း....''

''အဟင့်...ဦး..သာ..လွန်..လို့.... ''

ရွှေလ ဦးသာလွန်ကို ချစ်တယ်။
ကိုယ့်ခင်ပွန်းလို နှစ်နှစ်ကာကာချစ်တယ်။
ကိုယ့်ကိုစောင့်ရှောက်သူတစ်ယောက်လို ကျေးဇူးတင်စိတ်နဲ့လဲချစ်တယ်။
ကိုယ့်အထက်အရာရှိကိုလေးစားသမှုနဲ့လဲ ချစ်တယ်။
၁၅၀၀ နဲ့ရော ၅၂၈နဲ့ပါ ဦးသာလွန်ကို ချစ်ရပါတယ်။
အသက်အရွယ်ကွာဟပေမဲ့ တစ်ခါတစ်ရံ ရွှေလအပေါ်မှာဂျစ်တူးမှုလေးကအစ တန်ဖိုးထားနားလည်ပေးပြီးချစ်ရတာ။
ရွှေလမရှိရင်မဖြစ်လို့ပါဆိုတာအထိယုံပြီး ကလေးတစ်ယောက်လိုဂရုစိုက်ရတဲ့အချိန်တွေရှိသလို ကိုယ့်အပေါ်ဦးဆောင်လမ်းပြနိုင်ခဲ့တဲ့အခြေအနေတွေလဲ အများကြီးကြုံခဲ့ပြီးပြီ။
ကိုယ်ဝမ်းနည်းနေချိန်အားပေးတတ်ပြီး သူမှီခိုရမဲ့အချိန်ဆိုရင်လဲ ပစ်ခတ်ပြီးမှီခိုတတ်သူက ရွှေလရဲ့ ဘဝလက်တွဲဖော်ပါ။
တစ်ယောက်ကိုတစ်ယောက်နားလည်နိုင်စွမ်းတွေမကုန်ခမ်းနိုင်အောင်အထိ စစ်မှန်သောချစ်ခြင်းတွေက အချိန်ကြာသော်လည်းလတ်ဆတ်နေဆဲပါပဲ။

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now