part(2)

12.2K 962 18
                                    

Unicode

သောက်ကျိုးနည်းတလွဲပါလားကွာ.....

မျက်မှန်အောက်က မှေးစင်းစင်းမျက်လုံးလေးတွေ...
သာလွန့်ကို အစွမ်းကုန်ပြူးကြည့်နေတယ်။
လန့်သွားလို့ထင်တယ် သူ့ရင်ဘတ်ကိုသူလက်နဲ့ဖိထားသေးတာ။
ဟမ်.....သူကပဲ လန့်ရတယ်ရှိသေး။

"ကန်တော့.... ကန်တော့.... ခုဏမမြင်လို့ပါ ဦးလေးကြီးရယ်"

ကျစ်....ငါ့ကိုဦးလေးကြီးတဲ့....လုပ်ပြန်ပြီ။

အသက်သုံးဆယ့်ငါးနှစ်အရွယ် သာလွန်ကောင်းမွန်က ကြည့်ကောင်းလှတဲ့ရုပ်ရည်နဲ့ ခန့်ညားတည်ကြည်တဲ့အသွင်အပြည့်။ ဖြောင့်စင်းနေတဲ့နှာတံ ခပ်လတ်လတ်အသားအရည် ရှည်တဲ့အရပ်အမောင်း ပိုင်ဆိုင်မှုကိုတစ်နည်းတစ်ဖုံပြသနေတတ်တဲ့ ဝတ်စားဆင်ယင်မှု။
သာလွန်နဲ့တွေ့ရင် တစ်ဖက်လူကရှိန်သွားစေနိုင်တဲ့ အကြည့်တစ်မျိုးလဲရှိသေးတယ်။
အသက်ကသုံးဆယ့်ငါးနှစ်ဆိုပေမဲ့ တစ်ခါမှ ဦးလေးကြီးလို့ အခေါ်မခံရသေးဘူး။ ဒီလို အနီးကပ်ကြီးကိုမှ လူကိုပြူးကြည့်ပြီးခေါ်ချဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်သေးတယ်။
စိုးသော်တာထွန်းဆိုတဲ့ကောင် လမ်းမ​ပေါ်က ကောက်တင်လာတဲ့ လူပိစိလေးကတော့ ထူးထူးဆန်းဆန်းယောင်ရုံတင်မဟုတ်ဘူး။ ခေါ်ချင်သလို ခေါ်ချနေပြန်ပြီ။

"ဟိုလေ.... ဆရာ.... ဒီကောင်လေးက ကျွန်တော်တို့ကားကို ဝင်တိုက်မိတာပါ.... လမ်းလျှောက်ရတာအဆင်မပြေတာမို့လို့..... ကျွန်တော်ခေါ်လာတာပါ.... နောက်ကားတွေကလဲ ဟွန်းတီးနေတာနဲ့...."

"ဟွန်းးးးး"

သာလွန်က သက်ပြင်းသာချလိုက်တယ်။
ခေါ်လာပြီးမှ ကားပေါ်ကဆင်းဆိုပြီး မောင်းချလို့လဲ ဖြစ်တာမဟုတ်ဘူးလေ။
ဒါကြောင့် အသက်ကိုရှုပြီးပြန်မှုတ်အထုတ်မှာ အသံတစ်ခုထွက်သွားတယ်။
နှာသံလိုလို လျှာသံလိုလိုဆိုပေမဲ့ ခပ်တောင့်တောင့်ဖြစ်သွားတဲ့အသံက ဆွဲဆောင်မှုတစ်မျိုး။

ဘေးက အပုလေးကတော့ အသံမထွက်တော့ဘူး။
မသိမသာလှည့်ကြည့်မိတော့ တစ်ဖက်ခြမ်းကားတံခါးနားကို ထိကပ်လုလုထိုင်နေပြီး မှန်တံခါးအပြင်ကိုပဲ ငေးနေတယ်။
ဘာလဲ..... ကြောက်သွားတာလား။

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now