Unicode
ရွှေလ ဒီနေ့တစ်ရက်တော့အပြင်ထွက်ရမယ်။ မနက်မိုးလင်းကတည်းက ဖွားအတွက် ပြင်ဆင်စရာရှိတာပြင်ဆင်ပေးပြီး မသီတာရောက်လာတာနဲ့ ချိန်းထားတဲ့နေရာကို သွားရတယ်။ ဒီနေ့ မာမာနဲ့ဝေလလဲ လာကြလိမ့်မယ်။ သူငယ်ချင်းတွေက ရွှေလကို တစ်ယောက်ထဲအမြဲ မထားကြပါဘူး။ အားတဲ့လူက တလှည့်စီရောက်လာပေးတာပါပဲ။ လာရင်လဲ သူတို့အိမ်က ချက်ပြုတ်ပြီးထည့်ပေးလိုက်တဲ့ ဟင်းစိုဟင်းခြောက်တွေ ယူလာပေးကြတယ်။
ရွှေလနဲ့ဖွားကို သနားပိုကြပြီး အရင်ကတည်းကဝိုင်းပြီးချစ်ကြတာကြောင့် တတ်နိုင်သလောက်စောင့်ရှောက်ကြပါတယ်။
ဖွားရဲ့ဆွေမျိုး တူ တူမတွေကလဲ နိုင်ငံခြါးရောက်နေကြတဲ့သူတွေများပါတယ်။ သတင်းကြားတာနဲ့ ငွေလှမ်းပို့ပေးကြတယ်။ ရွှေလနဲ့ဖွားက ဘယ်သူ့ကိုမှ အပူမကပ်ချင်တာကြောင့် မြေးအဖွားနှစ်ယောက်ထဲ သီးသန့်နေကြတာပါ။ အရင်းအချာတွေမရှိကြတော့ပေမဲ့ ဝမ်းကွဲတွေကတော့ ရှိကြပါတယ်။ ဆေးရုံတက်တာလဲ ရွှေလငွေကုန်ခဲ့ရတာမရှိပါဘူး။ မသီတာကတော့ ဘာမှသိပ်မကုန်ဘူးလို့ပြောပြီး ရွှေလ ထုတ်ပေးတဲ့ပိုက်ဆံကိုမယူဘူး။ ဖွားရဲ့အတိုးရင်းပွားလုပ်ထားတဲ့ ပိုက်ဆံတွေကိုလဲ မသီတာကပဲ ဆက်ပြီးကူပေးပါတယ်။ ရွှေလဆို ဘယ်သူတွေမှာ ဘယ်လောက်ရစရာရှိတာမသိဘူးလေ.... ဖွားပဲ လုပ်နေတာဆိုတော့။စျေးသည်တွေကလဲ ဖွားနေမကောင်းတော့ ပိုက်ဆံကိုတိတိကျကျကို ပေးကြပါတယ်။ လတ်တလောတော့ ရွှေလ ငွေရေးကြေးရေးက နည်းနည်းအဆင်ပြေတယ်ပဲပြောပါတော့။ ရေရှည်မှာသာ အဆင်မပြေမှာစိုးရတာ။ သိတဲ့အတိုင်း ရွှေလက ရှေ့ရေးနောက်ရေးကို လူကြီးလေးလို ကြိုတွေးပြီး ကြိုပူပန်တတ်သူဆိုတော့ စိတ်ရတက်မအေးကတော့ ဖြစ်နေတာပါပဲ။
.
.
.ကိုစိုးသော်တာထွန်းလဲ ကားနဲ့စောင့်နေပြီ။
ဦးသာလွန် မပါလာတာက ဒီနေ့ မပိုမိုတို့ပြန်ကြပြီဆိုတော့ လိုက်ပို့ပေးရတယ်တဲ့။ အန်တီအေးလဲ အစ်မပိုမိုတို့နဲ့ နိုင်ငံခြါးကိုလိုက်ပါသွားတယ်။
ဒါကြောင့် ရွှေလက အားနာလို့ လာမခေါ်ခိုင်းပါနဲ့လို့ပြောပေမဲ့ မရဘူးလေ။
YOU ARE READING
မေတ္တာမိုး သွန်းဖြိုးလို့ရွာ
Romanceသတ်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ ငယ်သော်လည်းရင့်ကျက်နေတဲ့ကောင်ငယ်လေးတို့ နှစ်ယောက်အကြောင်းပါ။ လိုက်ပါစီးမျောပေးပါအုံးနော်။