part(46)ဇာတ်သိမ်းပိုင်း

21.3K 903 101
                                        

"ပထမဆုံးရည်းစားအကြောင်း.... ပြောပြ"

"ပြောပြီးသားကြီးလေကွာ.... ထပ်ပြောရအုံးမှာလား"

"ဟုတ်.... ပြောပြအုံး.... နားထောင်ချင်သေးလို့"

ခြံထဲကိုရောက်ပြီဆို နှစ်ယောက်ထဲတစ်ကမ္ဘာဖြစ်သွားကြတယ်။ လူတွေနဲ့ဝေး အလုပ်တွေနဲ့ဝေးရာနေရာမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ချစ်ကြည်နူးတစ်တီတူးကြတယ်ပေါ့။

အချိန်တွေကုန်တာမြန်တယ်။
သုံးနှစ်ဆိုတဲ့အချိန်အတိုင်းအတာက တစ်ယောက်ကိုတစ်ယောက် လိုတာထက်ပိုတဲ့ယုံကြည်မှုတွေ တည်ဆောက်မိကြတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က အဖွားဆုံးသွားခဲ့တယ်။ သက်တောင့်သက်သာပဲ ထွက်ခွာသွားတဲ့ဖွားကို ရွှေလကိုယ်တိုင်လဲ လက်လွှတ်ဖို့ပြင်ဆင်ပြီးနေတဲ့အချိန်ဖြစ်ခဲ့လို့ တော်သေးတာပေါ့။ မရအရဆွဲထားမယ်ဆိုတာထက် ဖွားသဘောအတိုင်းပဲ အားလုံးပြင်ဆင်ပြီး ရွှေလနေခဲ့တယ်။ အနားမှာတစ်ချိန်လုံးပြုစုခွင့်ကိုရခဲ့တာပဲလေ.... ဖြေသာပါတယ်။

ဖွားဆုံးပြီး တစ်နှစ်ခွဲကျော်ကြာတဲ့အခါ ရွှေလတို့လက်ထပ်ကြပါတယ်။ လက်မထပ်ချင်ဘူးလို့ငြင်းနေခဲ့သေးတာပေမဲ့ တိုက်ခန်းမှာတစ်ယောက်ထဲမို့ သူစိတ်မချဘူးတဲ့လေ။ ဖွားဆုံးပြီး မကြာပါဘူး... ရွှေလအလုပ်တွေပြန်ကူပေးတယ်။ တစ်နေကုန်တွေ့နေရတာကိုအကောင်း.... လူရှေ့ဆို ဦးသာလွန်က တည်တည်နေပေးပါတယ်။ သိတဲ့လူတွေသိနေကြသည့်တိုင်အောင် အနေအထိုင်တစ်ချက်မမှားပါဘူး။ အလုပ်အပေါ်အာရုံဝင်စားတတ်တာကြောင့်လေ။ သူ့အလုပ်ကိုသူအာရုံစိုက်ရင် ကျန်တာသိပ်မတွေးတတ်တဲ့သူ။

ညနေရုံးဆင်းလို့ရွှေလကိုအိမ်ပြန်ပို့ပေးပြီးသူပြန်ရကာနီး ဆိုရင် နည်းမျိုးစုံနဲ့ဂျစ်တိုက်နေတာပါ။ လက်ထပ်ဖို့အကြောင်းကို နားပူတာလဲ လက်ကုန်။
အိပ်ယာပေါ်ထိဆွဲခေါ်ချင်တတ်တဲ့အခါတွေလဲ ရှိလာတယ်။ ရွှေလမျက်နှာပျက်လွန်းလို့သာ ထိန်းသွားတတ်တာ။ တကယ်က ဦးသာလွန် အရမ်းကိုထိန်းနေရတာ ရွှေလ သိတာပေါ့။ ရွှေလကလဲ အဲ့ကိစ္စကိုတွေးတောင်မတွေးရဲဘူးဖြစ်နေတာ။ ဦးသာလွန်ကိုသနားပေမဲ့ကြောက်လဲကြောက်တာပါ။

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now