Unicode
"ဘာစားချင်လဲ....."
ဆေးရုံအောက်ကိုရောက်တာနဲ့ ရွှေလကိုမေးတယ်။
ဆေးရုံပတ်ဝန်းကျင်မှာ လူတွေများလွန်းလှတယ်။ ရွှေလက မင်းမနိုင်ရပ်ကွက်ထဲမှာ စာသွားသင်ပေးရတာဆိုတော့ အရေးပေါ်ကို ဖြတ်ပြီးသွားရပါတယ်။ ဆေးရုံကြီးဝန်းထဲကိုတော့ မဖြတ်ဖူးဘူးပေါ့။ အဆောင်သစ်တွေများစွာ ဆောက်ထားပေးသော်လည်း ရန်ကုန်ဆေးရုံကြီးဝန်းထဲမှာ လူတွေပြည့်နေသလို အမှိုက်တွေလဲ ပြည့်နေပါတယ်။ ကိုယ် ဖြတ်သန်းသွားလာနေကျ လမ်းမကြီးရဲ့ဘေးမှာ ရှိနေတာပါပဲ။ သို့သော် ကိုယ့်အကြောင်းကိစ္စပေါ်မှရောက်လာကြရတဲ့ နေရာဆိုတော့လဲ အခုမှ နဖူးတွေ့ ဒူးတွေ့မြင်ရတွေ့ရသလိုပါ။
ဦးသာလွန်က ပတ်ဝန်းကျင်ကိုလိုက်ကြည့်နေတဲ့ ရွှေလ ကြောင့် သူလဲ ရွှေလ ကြည့်တဲ့နေရာကို လိုက်ကြည့်ပါတယ်။ နယ်ကလာတဲ့လူနာစောင့်တစ်ချို့ကသစ်ပင်ရိပ်အောက်က မြေပေါ်မှာပဲ ပိုက်ဖျာချပ်ကလေးတွေခင်းပြီး အိပ်နေတာကိုတွေ့တယ်။ မလှမ်းမကမ်းက အမှိုက်ပုံးထဲမှာတော့ ဖော့ဗူးတွေကလျှံကျနေပါတယ်။
ကိုယ်စီသောကတွေနဲ့ သွားလာနေကြသူတွေလဲ ရှိပါတယ်။ ဆေးရုံဝန်ထမ်းတွေကလဲ တာဝန်ကိုယ်စီနဲ့ပေါ့။"ဘာ...စားချင်လဲ....ပေါက်တောက်လေး"
"ဟင်....ဗျာ"
ရွှေလ မျက်မှန်လေးကိုပင့်တင်ကာ မော့်ကြည့်ရတယ်။ အေးလေ.... ဆေးရုံပါဆိုမှ ဒီလိုမြင်ကွင်းပဲရှိမှာပေါ့။
စိတ်မသက်မသာနဲ့ ဖြစ်နေမိတဲ့ရွှေလ.... ဦးသာလွန် မေးတာကို အခုမှအာရုံစိုက်နိုင်တယ်။"ဟို.... ဦးသာလွန်ရော.... ဘာစားချင်လဲ.... ဘာမှမစားရသေးဘူးဆို"
"မင်း....စားတာကိုစားမှာပေါ့"
"ဒါဆိုရင်လေ.... ကျွန်တော်တို့အိမ်ကိုပဲ.... သွား...ပြန်စားရအောင်လေ....ရလား"
"ရတာပေါ့.... မင်း.... ချက်ထားတာလား"
"ဟုတ်တယ်.... မနက်က.... ဟင်း....ထချက်လိုက်သေးတယ်....ရုံးသွားဖို့ပြင်မလို့လုပ်တော့မှ.... အခန်းထဲမှာ... ဖွားက...."
ပြောရင်း အဖွားကိုမြင်ယောင်ကာငိုတော့မလိုဖြစ်ပြန်သည်။
"အင်းပါ.... အင်းပါ.... ပြန်ရအောင်လေ.... နေအုံး.... ကိုယ်ကားသွားယူလိုက်မယ်.... ဒီမှာစောင့်"
YOU ARE READING
မေတ္တာမိုး သွန်းဖြိုးလို့ရွာ
Romanceသတ်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ ငယ်သော်လည်းရင့်ကျက်နေတဲ့ကောင်ငယ်လေးတို့ နှစ်ယောက်အကြောင်းပါ။ လိုက်ပါစီးမျောပေးပါအုံးနော်။