part(29)

7.4K 669 20
                                    

Unicode

လှေကားထောင့်ချိုးအကွယ်လေးမှာ ရပ်နေတဲ့ ထွဋ်ခေါင်ကိုတွေ့တာနဲ့ ရွှေလအရမ်းဝမ်းသာသွားမိတယ်။
အလုပ်ကိုတစ်နေ့ထဲတစ်ရက်ထဲဝင်လာခဲ့ကြပြီး တစ်နေရာထဲမှာအတူ အလု်လုပ်ခွင့်မရတော့ပေမဲ့ ရွှေလက ထွဋ်ခေါင်ကို သံယောဇဥ်ရှိပါတယ်။

အတူတူအလုပ်တွေလုပ်ရင်းခင်မင်ခွင့်ရခဲ့တာက တစ်လကျော်လေးပါပဲ။ ဒါပေမဲ့ မာမာတို့ ဝေလတို့ မေသော်တို့ နေသော်တို့နဲ့မခြါး ငယ်ပေါင်းလိုခင်မင်ခဲ့တယ်။
ဘာရယ်မသိပေမဲ့ စိမ်းကားသလိုဖြစ်သွားတဲ့ ထွဋ်ခေါင်ကို ရွှေလ ချော့ချင်သေးတယ်။ ပထမဆုံးလစာထုတ်ရက်မှာ အတူမုန့်သွားစားကြဖို့ ရွှေလကဖိတ်ခေါ်ခဲ့ပေမဲ့ ဦးသာလွန်ကြောင့်ပျက်သွားခဲ့တယ်လေ။ အဲ့သည်နေ့ကစပြီး ရွှေလနဲ့ထွဋ်ခေါင် သိပ်လဲတွေ့ခွင့်မရတော့သလို တောင်းပန်စကားကိုလဲသေချာမပြောဖြစ်ခဲ့ရပါ။
ရုံးကိုရောက်ရတဲ့နေ့မျိုးမှာလဲ ရွှေလက ဦးသာလွန်ရဲ့အနားကနေ ခွာလို့မှမရတာ။
မနန္ဒာရှိလဲ ရွှေလပဲ အရာအားလုံးကူပေးရတော့တာလေ။ ပြုံးပြနှုတ်ဆက်လောက်ပဲ လုပ်ကြရပြီး ထမင်းလဲတူတူမစားဖြစ်ကြ.... စကားလဲအေးအေးဆေးဆေး မပြောဖြစ်ကြပါ။

"ထွဋ်ခေါင်...."

ရွှေလက လှမ်းခေါ်တယ်။

"သြော်.... ရွှေလ...."

ထွဋ်ခေါင်ကပုံမှန်လေးပဲ အပြုံးနဲ့နှုတ်ဆက်ပါတယ်။

"တက်သေးဘူးလား.... ဘာလုပ်နေတာလဲ....ဟင်"

"အင်း.... တက်တော့မလို့ပဲ.... ဒါနဲ့.... ဒီနေ့တစ်ယောက်ထဲလား"

"ဟင်.... အင်း.... တစ်ယောက်ထဲပဲလေ.... ဘာဖြစ်လို့လဲ"

"သြော်.... အမြဲ.... မင်းလူကြီးနဲ့တူတူတွေ့နေရလို့ပါ.... ဒီနေ့.... တူတူမလာဘူးလားလို့မေးတာပါ"

"ဟာ..... လုပ်ပြန်ပြီ.... ဦးသာလွန် ကြားသွားမှ... ခက်နေအုံးမယ်.... ဘယ်လို.... ငါ့လူကြီးလဲကွာ.... မဟုတ်ပါဘူး.... မင်းတို့ရဲ့လူကြီးလဲ ဟုတ်ပါတယ်ကွ"

"အင်း.... မင်းကတော့.... ဘယ်သိပါ့မလဲ.... ကဲပါ.... ထားလိုက်ပါတော့.... အဲ့ဒါတွေမပြောချင်ပါဘူး"

မေတ္တာမိုး သွန်းဖြိုးလို့ရွာDonde viven las historias. Descúbrelo ahora