part(18)

7.7K 696 14
                                    

Unicode

"မနေ့က... မင်းကို တွေ့လိုက်တယ်.... ဆရာနဲ့တူတူ"

ထမင်းစားပွဲလေးမှာထိုင်မိတာနဲ့ပြောလာတဲ့ ထွဋ်ခေါင်...
မျက်နှာလေးက အရင်ရက်တွေလိုရွှင်လန်းမနေ။

"ဟုတ်....တယ်.... မင်း... မနေ့က ဘယ်နားမှာတွေ့တာလဲ... ဦးသာလွန်က ငါ့ကိုလိုက်ပို့တာပါ"

တစ်ခုခုကို မလုံမလဲဖြစ်စရာအကြောင်းမရှိပေမဲ့ ရွှေလကအားနာနေမိတယ်။ စိတ်ထဲမှာလဲ မရိုးမယွနဲ့။ ကိုယ်တိုင်ကအပြစ်လုပ်ထားတာမရှိပေမဲ့ ခံစားချက်ကဘယ်လိုမှန်းကိုမသိပါဘူး။

"မနေ့ကလေ.... ငါက... ငါ့အဖေ့ကားလာခေါ်မှာကို ရုံးရှေ့မှာထိုင်စောင့်နေတာ.... မင်းနဲ့....ဆရာ.... ကားနဲ့ထွက်လာတာကိုတွေ့လိုက်တယ်"

"အင်း.... "

ရွှေလက ကိုယ်တိုင်ချက်လာတဲ့ငါးဖယ်ငါးဆုပ်နဲ့ဒန့်သလွန်သီးဟင်းကို ထွဋ်ခေါင်ရဲ့ထမင်းလေးပေါ်ထည့်ပေးမိတယ်။

"ငါ.... ငါးမကြိုက်ဘူး....ရွှေလ"

"သြော်.... sorry.... ငါမေ့သွားလို့.... ဒီမှာ ကြက်အူချောင်းလေးရော....စားလေ"

"အင်း.... မင်းလဲစား"

နေ့စဥ်အတူတူစားသောက်ကြရင်း သူ့အလုပ်ကိုယ့်အလုပ်တွေတိုက်ဆိုင်သွားရင် တူတူလုပ်ကြရင်းနဲ့ ခင်မင်ခွင့်ရခဲ့တဲ့ သူငယ်ချင်းလေး။
ငယ်ပေါင်းမဟုတ်ဘူး.... အဆင့်အတန်းချင်းလဲကွာခြါးပေမဲ့ ထွဋ်ခေါင်ရဲ့သွက်လက်ပြီး ချစ်စရာကောင်းမှုလေးတွေကြောင့် အချိန်တိုအတွင်းခင်မင်သွားခဲ့တယ်။
ထွဋ်ခေါင်က မျက်နှာပျက်နေတယ်လို့ထင်မိတယ်။
ဘာကြောင့်ပါလိမ့်.... အလုပ် လုပ်ရတာအဆင်မပြေတာတစ်ခုခုရှိလို့များလား။

"ထွဋ်ခေါင်.... တစ်ခုခုဖြစ်နေတာလား.... အလုပ်ကြောင့်လား"

"မဟုတ်ဘူး.... မဟုတ်ပါဘူး.... ငါ့ဘာငါ"

"အင်းပါ.... မင်း... တစ်ခုခုရင်ဖွင့်ချင်ရင်လေ.... ငါ့ကိုပြောလို့ရတယ်...သိလား"

ထွဋ်ခေါင်ကရွှေလကိုငေးရီရီကြည့်တယ်။ ထွဋ်ခေါင်အကြည့်တွေက တစ်ခုခုပြောနေသလိုကြီး... ဒါပေမဲ့ ရွှေလ မသိပါဘူး။ ထွဋ်ခေါင် ဘာဖြစ်နေတယ်ဆိုတာကို ရွှေလ တကယ်မရိပ်မိခဲ့ပါဘူး။
ရွှေလစိတ်ထဲ တစ်မျိုးတမြည်ခံစားနေရတာက ထွဋ်ခေါင်က အေးစက်စက်ဖြစ်နေတယ်လို ထင်မိတာကြောင့်ပါ။
ပြီးတော့ မနေ့ညနေက ဦးသာလွန်နဲ့အတူ ကားစီးပြီးလိုက်သွားတာကို မြင်တယ်ဆိုတော့ တစ်မျိုးထင်မှာလဲ စိုးရိမ်ပါတယ်။
ရွှေလအကြောက်ဆုံးကိစ္စက အတွင်းရေးမှူးတစ်ယောက်ထက် အခွင့်အရေးတွေပိုယူနေတယ်လို့ အထင်ခံရမှာကိုပါ။
ကိုယ့်ထက်စီနီယာဝန်ထမ်းတွေကြားမှာ နာမည်ကောင်းနဲ့သာ ရွှေလ နေထိုင်ချင်ပါသည်။ မျက်မုန်းကျိုးစေမဲ့ အပြုအမူ အပြောအဆို အနေအထိုင်တွေ မဖြစ်ချင်ပါ။
တကယ်ပဲ အဲ့သည်အချိန်ထိ ရွှေလစိတ်ထဲမှာ အလုပ်ကိုကြိုးစားရမယ်ဆိုတာကလွဲပြီး မသိခဲ့ပါဘူး။
.
.
.

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now