part(31)

7.5K 662 22
                                    

Unicode

အိမ်ယာစီမံကိန်းအသစ်နေရာက ဦးသာလွန်တို့ villa နဲ့တစ်မြို့နယ်ထဲမှာ ရှိပါတယ်။
မြောက်ဒဂုံက ဆိုက်တွေအားလုံးက လုပ်ငန်းခွင်လက်စသတ်ကြပါပြီ။ အရောင်းဖွင့်တော့လဲ ရောင်းရတာပါပဲ။ ဦးသာလွန်ရဲ့ဆိုက်ထဲက အလုပ်သမားတွေအဖို့ကတော့ နေ့စားသမားတွေဆိုပေမဲ့ အလုပ်မပြတ်တာကြောင့် အဆင်ပြေကြပါတယ်။ ဆိုက်တစ်ခုနဲ့တစ်ခုက အမြဲပြတ်လပ်တယ်မှ မရှိဘဲကိုး။
ဒါကြောင့်လဲ ဦးသာလွန် ဆူဆူငေါက်ငေါက်အလုပ်ထွက်သွားတယ်ဆိုတဲ့ ဝန်ထမ်းမရှိသလို ဆိုက်အလုပ်သမားတွေဆိုတာလဲ အရမ်းရိုကျိုးကြပါတယ်။
တကယ်တော့ ရွှေလနားလည်သဘောပေါက်သလို သာလွန်လုပ်ငန်းစုရဲ့ဝန်ထမ်းတိုင်း သဘောပေါက်ပြီးသားပါ။ ဦးသာလွန်ဟာ အလုပ်ကိုချစ်တတ်သလို သူ့ဝန်ထမ်း ငယ်သားတွေကိုလဲ စောင့်ရှောက်တတ်သူဆိုတာကိုပေါ့။

.
.
.

ကားလေးက.... ကွန်ကရစ်လမ်းအတိုင်းမောင်းလာတယ်။

လမ်းဘေးဝဲယာမြင်ကွင်းတွေက နည်းနည်းတော့ ပြောင်းလဲလာတယ်။ မြို့​ပြမြင်ကွင်းမဟုတ်တော့ဘဲ နည်းနည်းအရိုင်းဆန်လာတယ်။
စက်မှုဇုံတွေဝိုင်းရံထားပြီး ရွှေ့ပြောင်းလုပ်သားအများဆုံးမြို့ဖြစ်လေတော့ လူ့စရိုက်အစုံတော့ရှိပါတယ်။ Royal villa လိုအိမ်ယာဝန်းကြီးရှိတဲ့မြို့မှာ ဆင်းရဲသားရပ်ကွက်ကလဲ ရှုပ်ထွေးပွေလီတဲ့ နေထိုင်မှုပုံစံနဲ့ပဲ တူတူရှိနေပါတယ်။
အလင်းတစ်ဖက် အမှောင်တစ်ဖက်မြို့ပါပဲ။
ဆင်းရဲချမ်းသာကွာဟမှုနဲ့ နေထိုင်မှုပုံစံ​ခြါးနားမှုကို ခပ်ရှင်းရှင်းမြင်နိုင်အောင် လှစ်ဟပြထားတဲ့မြို့ဆိုရင်လဲ မမှားပါဘူး။

ဒီနေရာကိုလဲ ရွှေလ မရောက်ဖူးပါဘူး။ ကြားဖူးပေမဲ့ မရောက်ဖူးတဲ့နေရာကို ရွှေလက ငေးရင်းလိုက်လာတယ်။

နာရီဝက်နီးပါးကားကိုမောင်းလာတော့ စက်မှုဇုံတစ်ခုကို တွေ့ရပါတယ်။ စက်မှုဇုံကနေ ဆက်ပြီးမောင်းလာတာနဲ့ ဝါးတိုင်စိုက်ကာ ဝါးကြမ်းခင်းပြီး ကျောက်ပြါးဖြူတွေကာရံထားတဲ့ တဲသာသာအိမ်တွေကိုထပ်ပြီး ဖြတ်ရတယ်။
အိမ်ခေါင်မိုးပေါ်မှာ ဆိုလာပြါးတွေ တွေ့ရတာကြောင့် ရွှေလက လမ်းမီးတိုင်တွေမရှိတာလားဆိုပြီး ကြည့်မိသေးတယ်။ စက်မှုဇုံကျော်တာနဲ့ လမ်းမီးတိုင်တွေမရှိတော့ဘူး။ ဒါပေမဲ့ အိမ်တွေက ပြွတ်သိပ်ကျပ်ညှပ်ပြီး လမ်းဘေးနှစ်ဘက်လုံးမှာ အများကြီးပဲရှိနေတာ။

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now