part(16)

7.8K 727 35
                                    

Unicode

စိတ်မကောင်းဘူး။
အမှားကကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေပါ။ သေချာကြိုးစားပြီးလုပ်နေရင်းမှားသွားတာမို့ တကယ်စိတ်မကောင်း ဖြစ်ရပါတယ်။
အလုပ်အပေါ်မှာအာရုံဝင်စားတတ်သူတစ်ယောက်ကို သက်သက်အာရုံနောက်အောင်လုပ်မိသလို ဖြစ်သွားသလားလို့လဲတွေးမိရင်း စိတ်မကောင်းဘူး။
နောက်ထပ်ဒီလိုအမှားတွေ မမှားအောင် နေရမယ်ဆိုတာ ကိုယ့်ကိုကိုယ်အကြိမ်ကြိမ် သတိပေးမိတယ်။

ဒီလောက်လေးမှားမိတာ ဒီလိုထိအော်စရာလိုလားရယ်လို့ မတွေးနိုင်ပါဘူး။
ကိုယ့်ပေါ့ဆမှုကိုသာ အကြိမ်ကြိမ်နောင်တရပြီး ရွှေလ စိတ်မကောင်း ဖြစ်နေပါတယ်။
သို့သော် မျက်နှာမပျက်ရဲပါ။
ထပ်ပြီးစိတ်အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်တာကြောင့်ပါ။

"တွေ့ပြီ..... တွေ့ပြီ.... အစ်ကို"

စာရွက်ပျက်တွေ စာရွက်ဟောင်းတွေထည့်သောအမှိုက်ခြင်းထဲတွင်လုံးချေကာ ထည့်ထားသောထိုစာရွက်။
အခုတော့ စာရွက်ကိုမြင်ရုံနဲ့ ရွှေလက သိပါပြီ။

"သြော်.... အဲ့ဒါလား.... အမ်း..."

တကယ်တော့ စာရေးမနဲ့မိတ္တူကူးပေးသည့်အစ်ကိုရဲ့ပေါ့ဆမှုလဲ ပါပါတယ်။ စကားတပြောပြောနဲ့ အလုပ်လုပ်သွားတဲ့အကျိုးတွေပေါ့။
စာရွက်တစ်ရွက်ပိုနေရင် ရွှေလကိုများမေးပါတော့လား။
သူသိတဲ့ စာရွက်မဟုတ်တာနဲ့ပဲ အမှိုက်ခြင်းထဲပစ်ထည့်ရသည်တဲ့။
အမှားက ကိုယ့်ပေါ့ဆမှုကြောင့်ချည်းတော့ မဟုတ်ပါ။ ဒါပေမဲ့ သင်ခန်းစာယူစရာတစ်ခုလို့သာတွေးပြီး ရွှေလ မိတ္တူစက်ခန်းထဲကထွက်လာခဲ့တယ်။

ကိုယ့်နေရာကိုယ်ပြန်ရောက်တော့.... တစ်နာရီကျော်ပြီ။
ဘုရားရေ.... ဦးသာလွန် ထမင်းစားဖို့....
ရင်ထဲ ဒိတ်ကနဲပူသွားပြီး ခုံမှာမထိုင်မိ​သေးခင်မှာပဲ ရွှေလ ဦးသာလွန့်အခန်းဆီ​ပြေးဝင်ခဲ့မိတော့သည်။

.
.
.

ထမင်းစားဖို့ပြင်နေရင်း စိုးသော်တာထွန်း ပြောသော သတင်းစကားကြောင့် သာလွန်ထမင်းဆက်မစားနိုင်ပါ။ တွေတွေငေးငေးဖြစ်သွားမိသည်။
လုံးဝကိုမဖြစ်ဖူးခဲ့လေသော အပြုအမူတစ်ခုဆိုတာ သတိမထားမိနိုင်လောက်အောင်ပါ။
ဘဝမှာတစ်ကြိမ်တစ်ခါမှ ကိုယ်စိတ်တိုမိတာကို မှားသွားလားရယ်လို့ မတွေးတတ်ခဲ့သူပါ။
အကြောင်းမရှိဘဲ ဘယ်တုန်းကမှ အသားလွတ်မအော်ဖူးပါဘူး။ စိတ်တိုလာမိရင်လဲ ဘယ်သူဘယ်ဝါခွဲခြါးမနေဘဲ အော်ထည့်ပစ်တတ်တာလဲ လူတိုင်းသိတဲ့အကျင့်တစ်ခုပါ။ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်တာကိုပဲ ကြိုက်တတ်တဲ့လူမို့လို့ပေါ့။

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now