Unicode
"ဘာမေးချင်လို့လဲ.... မေးလေ"
ဧည့်ခန်းမှာထိုင်ပြီး ကိုစိုးသော်တာထွန်းယူလာပေးတဲ့ ဖိုင်တစ်ထပ်ကြီးကို တစ်ခုချင်းကြည့်ပြီးပြောတယ်။ လက်တွေက အလုပ်မအားပါဘူး။ လူကိုလဲ တစ်ချက်မှ မကြည့်အားသေးဘူး။ ဒါပေမဲ့ ရွှေလကသူ့အနားရောက်သွားမိတာနဲ့ မေးတော့တာပဲ။
တကယ်က အလုပ်မအားဘူး။ မအားတာကို မအားဘူးလို့မပြောဘဲ လိုအပ်တဲ့စာရွက်တွေဖိုင်တွေ သယ်လာခိုင်းတယ်။ မနန္ဒာကလဲ ထည့်ပေးလိုက်တာပဲ။ ကိုစိုးသော်တာထွန်းကလဲ လာပို့ပေးတာပဲ။
တကယ်ဆို ဦးသာလွန် လူအသစ်တစ်ယောက်လိုကို ပြောင်းလဲနေတာပါ။ဖျော်လာပေးတဲ့ ကော်ဖီခွက်ကို အနားမှာတင်ပေးပြီး ကြမ်းပြင်မှာပဲ ရွှေလ ထိုင်လိုက်တယ်။
"နောက်မှ.... မေးမယ်.... အခု.... ဘာကူပေးရမလဲ"
"အင်း.... ဒါလေး....."
ရွှေလ လက်ထဲရောက်လာတဲ့ ဖိုင်ကို အာရုံဝင်စားမိပြီ။ ဦးသာလွန်လဲ သူ့အလုပ်ကိုအာရုံစိုက်နေပြီ။ ဒီလို အချိန်ဆိုရင်တော့ အလုပ်ကစိုးမိုးသွားတာကြောင့် တိတ်တိတ်ဆိတ်ဆိတ်ပဲ ကိုယ်စီတာဝန်တွေကို လုပ်မိတယ်။ ကူနေကျအလုပ်တွေမို့ ရွှေလအခက်အခဲမရှိကူနိုင်ပါတယ်။
"အမ်မလေး.... ရွှေလလေး.... ဟင်းချက်တာ.... စားလို့ကောင်းလိုက်တာ.... ဒါကြောင့်....ဆရာက.... ရွှေလချက်တာပဲ.... စားချင်တာကိုး.... ဟဲ.... ဟဲ"
"အလကားစားရတာဆို.. အကုန်ကောင်းနေတာလေ.... မင်း"
ကိုစိုးသော်တာထွန်းက ထမင်းမစားရသေးဘူးဆိုတာကြောင့် ရွှေလက တစ်လက်စထဲ စားလို့ရတယ်ဆိုပြီး ပြင်ကျွေးမိတာပါ။ ထမင်းစားပြီးထွက်လာတဲ့ ကိုစိုးသော်တာထွန်းက ရွှေလကို ကျေးဇူးတင်စကားပြောတာမဟုတ်ဘူးလား။ ဒါကို ပြောချလိုက်တာ ကြည့်။
"ဦးသာလွန်ကလဲ.... နောက်တစ်ခါ.... ကိုစိုးသော်တာ... အိမ်မှာ ထမင်းမစားရဲဘဲ.... ဖြစ်နေပါ့မယ်.... ဘာမှန်းလဲမသိဘူး"
"ဟုတ်တာပြောတာလေ...."
ရွှေလ ဦးသာလွန်ကို မျက်မှန်လေးပင့်ကာကြည့်မိတယ်။ ရုပ်တည်ကြီးနဲ့.... သူပဲ မှန်နေသလိုလို။
KAMU SEDANG MEMBACA
မေတ္တာမိုး သွန်းဖြိုးလို့ရွာ
Romansaသတ်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ ငယ်သော်လည်းရင့်ကျက်နေတဲ့ကောင်ငယ်လေးတို့ နှစ်ယောက်အကြောင်းပါ။ လိုက်ပါစီးမျောပေးပါအုံးနော်။