Unicode
"မနက်ဖန်ထိ နေမှာလား"
ရွှေလက မျက်မှန်လေးကိုပင့်တင်ရင်း လိုရင်းကိုမြန်မြန်မေးတယ်။
"အင်း...."
ကြည့်အုံး.... ပြန်ဖြေပုံက...
"ဒါပေမဲ့လဲ.... ဦးသာလွန်ရယ်.... ဘာမှလဲ ကြိုမပြောဘူး.... အကောင်းမှတ်လို့ လိုက်လာတာကို..."
"အကောင်းပဲလေ.... လိုက်လာလို့ဆိုးသွားစရာဘာမှမရှိဘူး.... မင်း.... လမ်းလျှောက်ကြည့်လေ.... ပျော်စရာကြီး.... ခြံကျယ်ကျယ်ဆို မင်းပျော်တယ်ဆို.... မဟုတ်ဘူးလား"
"မဟုတ်ပါဘူး...."
"ကိုယ်က.... ဖွားကို သေချာပြောခဲ့တာပဲ.... မင်းကို မနက်ဖန်မှ ပြန်ပို့ပေးမယ်လို့..... ဖွားသိသားပဲ"
"ဗျာ.... "
ရွှေလ စိတ်တော်တော်လေသွားတယ်။ ဒါကြောင့် ဖွားကအဝတ်ပိုလေးထည့်သွားလို့ပြောတာကိုး။
ဘယ်အချိန်များကပ်ပြောလိုက်ပါလိမ့်။"ဖွားက တစ်ယောက်ထဲအိပ်လို့ ဖြစ်မလားလို့.... ပြီးတော့လဲ.... မနက်ဖန်ရုံးတက်ရမယ်လေ"
"ဟိုတစ်ယောက်လေ... မင်းတို့အိမ်မှာတွေ့ခဲ့တဲ့ တစ်ယောက်.... သူက ဖွားနဲ့တူတူလာအိပ်ပေးမယ်တဲ့.... ပြောတယ်.... ပြီးတော့.... မနက်ဖန်ရုံးဖွင့်တယ်ဆိုပေမဲ့... ဆိုက်ကသုံးရက်နားတယ်လေ.... ရုံးမှာနန္ဒာရှိရင်ရပြီ"
ရွှေလမျက်လုံးတွေ ပြူးပြီးကြည့်နေရတယ်။ အကွက်ကျကျစီစဥ်ထားပုံများ.... တကယ်ကို ဦးသာလွန် ပီသပါပေတယ်။ တစ်ရက်မှလဲ သူနဲ့မလွတ်ဘူး။
ဖွားတစ်ယောက်ကလဲလေ.... စကားတစ်ခွန်းနှစ်ခွန်းပြောကြည့်ရုံနဲ့ ဘာတွေယုံကြည်စိတ်ချပြီး ထည့်လွှတ်လိုက်တယ်မသိဘူး။ တစ်ခါမှ ညအိပ်ညနေ ခရီးမသွားခဲ့ရဖူးသူ ရွှေလမှာ ဖွားကိုလဲအသည်းယား ကိုယ့်ရှေ့ကလူကြီးကိုလဲ အူပွနဲ့.... ထော်နေတဲ့နှုတ်ခမ်းအစုံက တလှုပ်လှုပ်ဖြစ်လာတယ်။
စကားကတော့ တစ်ခွန်းမှမထွက်လာနိုင်ဘူး။
ဘယ်ထွက်လာမလဲ.... အူယားလွန်းလို့လေ။
.
.
.သာလွန် ရယ်ချင်တယ်.... ကြည့်ရင်းနဲ့ကို ရယ်ချင်လာမိတာ။ မျက်နှာလေးက စူပွနေရောပဲ။ သူ့သူဌေးလဲဖြစ် အသက်အရွယ်ကလဲကွာတဲ့အပြင် နဂိုစိတ်ခံလေးကိုက ရိုးသားသူဆိုတော့ သူမကြိုက်တာကိုလုပ်မိနေတာတောင် စကားဆိုးဆိုးမထွက်လာဘူး။ သူ့ဒေါသပိစိညှောင့်တောက်လေးကို မျိုချနေပုံက အထင်းသား။
တလှုပ်လှုပ်နဲ့နှုတ်ခမ်းကို ထော်လိုက် ကိုက်လိုက်။

ČTEŠ
မေတ္တာမိုး သွန်းဖြိုးလို့ရွာ
Romanceသတ်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ ငယ်သော်လည်းရင့်ကျက်နေတဲ့ကောင်ငယ်လေးတို့ နှစ်ယောက်အကြောင်းပါ။ လိုက်ပါစီးမျောပေးပါအုံးနော်။