Unicode
ရွှေလတစ်ယောက် အိမ်ကိုပြန်ရောက်လာပြီ။
တစ်လမ်းလုံးလဲတွေးလာမိတယ်။
ငါတော့အလုပ်ရဖို့မလွယ်ဘူးလို့ပေါ့။
တစ်မနက်ခင်းလုံး ဒီဦးလေးကြီးနဲ့ပတ်သက်လို့လွဲချည်းနေတာလေ။ အလုပ်ရနိုင်ပါ့မလား။
အေး.... ဒါ့ထက်ဆိုးတာက ဥွီးလေးကြီးလို့ခေါ်နေမိတာ။
အဲလိုခေါ်တိုင်းမျက်မှောင်ကုတ်သွားတဲ့ ဦးလေးကြီးကိုမြင်ယောင်လာမိသေးတယ်။ သေချာပါတယ်..... ငါတော့အလုပ်မရနိုင်ပါဘူး။ရွှေလက မိဘတွေမရှိတော့ဘူး။
အဖွားနဲ့နေတာ.... လမ်းမတော် တိုက်ခန်းတစ်ခန်းက ရွှေလတို့ ဖိုးဖွားလက်ထက်ကတည်းက ပိုင်လာတာ။
အခုတော့ ရွှေလနဲ့အဖွား နှစ်ယောက်ထဲပဲနေကြတာပါ။
အိမ်ပြန်ရောက်တော့ နေ့လည်တစ်နာရီကျော်ပြီ။အဖွားကအသက်ကြီးပြီမို့ အောက်ကိုသိပ်မဆင်းဘူး။
တစ်နေ့ကိုတစ်ခေါက်တော့ ဆင်းတယ်။
စျေးဝယ်တာပေါ့.... ရွှေလ ဝယ်ပေးပါမယ်ဆိုလဲ မဟုတ်ဘူး။ အဖွားက အပေါ်မှာ တစ်ယောက်ထဲပျင်းလို့တဲ့လေ။ အောက်ကိုဆင်းပြီး စျေးဝယ်ရင်း မိတ်ဆွေတွေနဲ့ စကားပြောတယ်.... လက်ဖက်ရည်သောက်တယ်။ နေမြင့်မှ တိုက်ပေါ်ပြန်တက်တာ။ရွှေလမှာ အဖွားပဲရှိတော့တာ ငါးနှစ်ရှိပြီ။ ရွှေလ ဆယ်တန်းနှစ်မှာ အဖေရော အမေရောဆုံးတယ်။ အမေကရောဂါကြောင့် အဖေက မတော်တဆမှုဖြစ်ပြီး ဆုံးသွားတယ်။ ရွှေလလဲ ဆေးကျောင်းတက်ဖို့ မှန်းထားရင်းကပဲ ဆယ်တန်းကိုမကျဖို့ပဲဆုတောင်းနေရတော့တဲ့သူဖြစ်သွားတယ်။ ဘာဆိုဘာမှ မလုပ်နိုင်ဘဲ ကိုယ်ပါလိုက်သေရင်ကောင်းမယ်လို့ တွေးမိတဲ့အထိ ဖြစ်ရတယ်။ အဲ့ဒီအချိန် စာသင်ချိန်နှစ်လယ်လောက်ကြီးမှာ ရွှေလ ဗုန်းဗုန်းလဲတဲ့အထိ ပြိုကျသွားရတာ။
ရွှေလ ဆယ်တန်းအောင်တော့ ဂုဏ်ထူးတစ်ဘာသာပဲ ပါတယ်။ သူငယ်ချင်းတွေရဲ့အကူအညီ ဆရာမတွေရဲ့အကုအညီကြောင့်သာ ရွှေလ ဆယ်တန်းအောင်ခဲ့တာ။ နဂိုတော်တဲ့သူဖြစ်ခဲ့တာကြောင့်လဲ ပါတာပေါ့။
ဒါကြောင့် ရိုးရိုးမေဂျာပဲယူပြီး ကျောင်းတက်ရတယ်။နေသော်နဲ့မေသော်အမွှာနှစ်ယောက်နဲ့ မာမာက အထက်တန်းကျောင်းကတည်းက သူငယ်ချင်းတွေ။
မေဂျာမတူပေမဲ့ ကျောင်းကတူကြတယ်။
ဝေလနဲ့မာမာက ကျောင်းကိုရောက်မှ ပေါင်းမိတဲ့သူငယ်ချင်းတွေ။ ရွှေလမှာ ဆိုးတူကောင်းဖက်သူငယ်ချင်းတွေက သူတို့ပါပဲ။
YOU ARE READING
မေတ္တာမိုး သွန်းဖြိုးလို့ရွာ
Romanceသတ်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ ငယ်သော်လည်းရင့်ကျက်နေတဲ့ကောင်ငယ်လေးတို့ နှစ်ယောက်အကြောင်းပါ။ လိုက်ပါစီးမျောပေးပါအုံးနော်။