အသစ်တစ်ပိုင်းရေးပေးတယ်

10.5K 650 62
                                        


Extra မရေးတော့ဘူးလို့ စိတ်ကိုဒုံးဒုံးကျ ချခဲ့တာပါ။
တကယ်လဲ ရေးဖို့အာရုံ မလာခဲ့ပါဘူး။
ဒါပေမဲ့လဲ review ရေးပေးတာနဲ့ပြေးလာဖတ်ကြတဲ့သူတွေကို ကိုယ် မလွန်ဆန်နိုင်တာလားမသိပါဘူးနော်။

ဒီfic ရေးတုန်းကလဲ တစ်ခါမှမဖြစ်ဖူးတဲ့ကိစ္စက ဦးသာလွန်ကို မနိုင်တော့တာပါ။ ရေးရင်းရေးရင်း သူ့ကိုထိန်းမနိုင်လို့ တော်တော်တိုင်ပတ်ခဲ့ရတာပါ။

အခုလဲ ကိုယ့်စိတ်ကို ကိုယ်က မပိုင်ပြန်ဘူး။
သူတို့ကိုအားနာနေမိတာနဲ့ တစ်ပိုင်းထပ်ရေးပါ့မယ်။
အစအဆုံးပြန်ဖတ်ပြီး ကိုယ်က စာဖတ်သူတို့ကိုထပ်သိစေချင်တဲ့ ရွှေလနဲ့ဦးသာလွန့်အကြောင်းတစ်ချို့ ရေးလိုက်ပါတယ်နော်။

ကျေနပ်ကြမယ်လို့ ယူဆပါ့မယ်။
ချစ်ပေး အားပေးကြသူတစ်ယောက်စီချင်းကို အရမ်းကျေးဇူးတင်ပါတယ်။
Review ရေးပေးတဲ့သူတွေ ဖတ်ပေးတဲ့သူတွေကို အားနာပြီး ချစ်တာကြောင့် တစ်ပိုင်းထပ်ရေးပေးပါတယ်နော်။

♥♥♥♥
ချစ်ခြင်းမေတ္တာအားဖြင့်
Aerii😘

..................................................................

Unicode

"တကယ်ဆို.... မှားတယ်....အရမ်းမှားတယ်"

"ဘယ်လိုဖြစ်ရပြန်တာတုန်းကွာ"

သာလွန်ကောင်းမွန်ရဲ့အတွင်းရေးမှူးတစ်ဖြစ်လဲ ယောကျားပိစိကွေးလေးဟာ သာလွန့်ကိုဆူနေပါတယ်။

အရင်တုန်းက.... အတိအကျပြောရရင် ဖိုးရွှေလမင်းနဲ့မတွေ့ခင်တုန်းက သာလွန်ကောင်းမွန်ဟာ အလုပ်ကလွဲပြီး ဘာဆိုဘာမှမသိသူတစ်ယောက်ပါ။ အလုပ်လုပ်နေရင် ထမင်းမေ့ဟင်းမေ့ရုံမက လောကကြီးကိုပါမေ့တတ်သူတစ်​ယောက် ဖြစ်ခဲ့ဖူးပါတယ်။
အခုတော့.... အတွင်းရေးမှူးကောင်းရတယ်ပဲပြောရမလား... ယောကျားကောင်းရတယ်ပဲဆိုရမလား မသိတော့ပါဘူး။ အလုပ်မှအလုပ် တိကျသေချာသောသူလေးကြောင့် သာလွန် အဆူမခံရတဲ့နေ့ အရစ်မခံရတဲ့နေ့ မရှိသလောက် ဖြစ်လာပါတယ်။

"ဦးသာလွန်.... သူငယ်ချင်းက.... အဲ့ဒါ....သူများ....  ခေါင်းကို... ဖောက်စားတာပေါ့"

"Honey.... ကလဲကွာ...."

"ဘာ... honeyလဲ.... ဘာ.... honey လဲလို့.... ရုံးမှာ.... ခေါ်သလိုခေါ်"

မေတ္တာမိုး သွန်းဖြိုးလို့ရွာOù les histoires vivent. Découvrez maintenant