လက်ဆောင်

2.8K 221 26
                                    

Unicode

''ဒီကိစ္စ ဘယ်လိုစပြီးမှားတာလဲဆိုတာ ပြော... ကျွန်တော် တိတိကျကျသိချင်တယ် ''

အစည်းဝေးခန်းတစ်ခုလုံးအပ်ကျသံမကြားရသည်အထိတိတ်ဆိတ်နေပါတယ်။ အသံတိတ်နေတယ်ဆိုပေမဲ့တစ်ယောက်သောသူရဲ့အသံကတော့ တင်းမာစွာထွက်ပေါ်နေပါ​သေးတယ်။ ထိုတစ်ယောက်သောသူရဲ့အသံမှအပ အခြားအသံဆိုတာမကြားရပေမဲ့လဲ ထိုအခန်းထဲမှာ လူဆယ်ယောက်ကျော်ထိုင်ကာ အစည်းအဝေးလုပ်​နေခြင်းလဲဖြစ်ပါတယ်။

''ဟမ်.... ကိုမိုးမြင့်.... ကျွန်တော်.... ဘယ်လိုနားလည်ပေးရမှာလဲဆိုတာလေးတော့... ပြောကြပါဦးဗျ''

''ခင်ဗျားတို့ ရေငုံနှုတ်ပိတ်နေရုံနဲ့ပြီးသွားမယ်မထင်နဲ့.... ခင်ဗျားတို့ကိုယ်တိုင်ပါလို့ ဒီကိစ္စဖြစ်ရတာ.... တာဝန်ခံ အဆင့်ဆင့် တာဝန်ယူဖို့လုပ်ကြပေတော့... ကျွန်တော့်အကြောင်း ခင်ဗျားတို့သိပြီးသားပါ.... နော်''

ငေါ့တော့တော့လေသံမှာတင်းမာလျက်။ မျက်နှာထားမှာလေသံထက်နှစ်ဆလောက်တင်းမာခတ်ထန်ကာ ရှေ့မှာချထားသောစာရွက်ကြီးတွေကိုလဲ စိတ်တိုင်းမကျတိုင်း အထပ်ထပ်အပြန်ပြန်လှန်လှောနေပါတယ်။

''လုပ်စားလာတာပဲ ကြာနေပြီ....ခင်ဗျားတို့ ထပ်ပြီးအမှားဖြစ်နေကြတုန်းပဲနော်... ကျွန်တော် သေသေချာချာမှာခဲ့ရက်နဲ့.... တောက်''

''မဟုတ်ပါဘူး.... ဆရာ''

''မဟုတ်ရင်.... ဘာလဲ ပြော.... ကျွန်တော်က ကန်ထရိုက်တစ်ယောက်မဟုတ်ဘူး.... ကန်ထရိုက်အလုပ်တွေကျွန်တော်မလုပ်ခဲ့ဘူး.... အာရုံနောက်လို့.... ဒါကို ခင်ဗျားတို့အားလုံးသိတယ်''

အားလုံးခေါင်းညိတ်ကြပါတယ်။

''အေး... သိရက်နဲ့ မှားတာတော့လွန်တာပေါ့ဗျာ.... လုပ်စားလာတာပဲ ကြာပြီ... ခင်ဗျားတိူ့ ခုထိအလုပ်သဘောကိုနားမလည်သေးဘူးလား... နားလည်ရက်နဲ့ာကုမ္ပီနာမည်ထိခိုက်အောင်သက်သက်လုပ်ကြတာလား''

''ဟာ.... အဲ့လိုတော့ လုံးဝမဟုတ်ပါဘူး ဆရာ''

သာလွန်ပြောရင်းပြောရင်းစိတ်တိုရပါတယ်။
ဒီလူတွေကတော့ကွာ....

သာလွန်က ဆောက်လုပ်ရေးလောမှာ ဘယ်သူနဲ့မှမတူတဲ့ပုံစံဒီဇိုင်းနဲ့ခွဲထွက်လုပ်ကိုင်ခဲ့သူဖြစ်သည်။ ကိုယ်ပိုင်မြေကိုဝယ်ယူကာ ကိုယ်ပိုင်ဒီဇိုင်းနဲ့အိမ်ဆောက်ပြီးမှ ရောင်းချခြင်းဖြစ်သည်။ အစိုးရတင်ဒါခေါ်ယူသောမည်သည့် project ကိုမှ သာလွန်ကောင်းမွန်က တိုးဝှေ့ဆွဲခြင်းမျိုးမလုပ်တတ်။ လုပ်ချင်စိတ်လဲမရှိ။

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now