သာလွန် အပြင်ကအလုပ်ကိစ္စတွေပြီးလို့ ရုံးကိုရောက်လာတော့ နေ့လည်တစ်နာရီကျော်ပြီ။ဓာတ်လှေကားထဲကထွက်ပြီး မှန်ခန်းတွေကတဆင့် ဝန်ထမ်းတွေကိုကြည့်မိတယ်။ တစ်ချို့ကသူတို့အလုပ်ဆီအာရုံရောက်နေတော့သာလွန့်ကိုမမြင်ကြဘူး။ မြင်တဲ့သူတွေကတော့ ခေါင်းညွတ်ပြီးနှုတ်ဆက်ကြတယ်။
အန်တီတူးတို့အခန်းထဲမှာ မနေ့က အေး သူငယ်ချင်းရဲ့သားဆိုတာလေး.... သာလွန့်ကိုမြင်တာနဲ့ မတ်တပ်ရပ်ပြီးပြုံးပြတယ်။ ခေါင်းပါညွတ်လိုက်သေးတယ်။ ရုတ်တရက်တော့ သာလွန်ကြောင်သွားသေးတာ။ ပြီးမှ ပြန်နှုတ်ဆက်ရတယ်။
အလုပ်စဝင်တဲ့ဝန်ထမ်းဆိုတာ သာလွန့်ကိုမျက်လုံးချင်းတောင်ဆိုင်မကြည့်ရဲဘူးလေ။ သူ့လို အသိအကျွမ်းဟောင်းတစ်ယောက်ကိုနှုတ်ဆက်သလို နှုတ်ဆက်ဖို့ကပိုတောင်မဖြစ်နိုင်သေးတာ။ တော်တော် မကြောက်တတ်တဲ့ ကလေး။
.
.
.နန္ဒာ့ခုံဘေးမှာတော့ နန္ဒာနဲ့အတူတူအလုပ်ကိုအာရုံစိုက်နေတဲ့ မျက်ပေါက်မှေးလေး....
"ဟော.... ဆရာ.... ရောက်လာပြီ"
ရွှေလ မနန္ဒာရဲ့အသံကိုကြားမှ မော့်ကြည့်မိတယ်။
မနန္ဒာ ပြပေးနေတဲ့ဖိုင်တွေခွဲပြီးသိမ်းပုံကို ဂရုစိုက်ပြီးကြည့်နေမိတာကြောင့် လူတစ်ယောက်လုံးဝင်လာတာ.... အင်း.... လူနှစ်ယောက်လုံးဝင်လာတာကို မမြင်မိဘူးရယ်။ ဦးလေးကြီးရဲ့နောက်မှာ ကားမောင်းတဲ့အစ်ကိုကြီးက အိတ်ကိုကိုင်ပြီး ရပ်နေတယ်။
ရွှေလ ထိုင်နေရာမှထရပ်ပြီး ခါးကို 90ဒီဂရီကိုင်းကာ နှုတ်ဆက်လိုက်တယ်။"အင်း..."
အရယ်အပြုံးမရှိဘဲ တည်တည်ကြီးနဲ့တစ်ခွန်းပြောပြီးခေါင်းကိုတစ်ချက်ဆတ်ပြရုံပဲ။ ဒါ အသိအမှတ်ပြုလိုက်တဲ့သဘောပေါ့။
"ဆရာ.... နေ့လည်စာ အရင်စားပါ"
မနန္ဒာက ပြောတယ်။
"စားခဲ့ပြီ....နန္ဒာ.... ကော်ဖီပဲပို့ပေး"
"ဟုတ်ကဲ့.... ဆရာ"
"ပြီးရင်.... အသစ်ကောင်လေးနှစ်ယောက်ကို... ကိုယ့်ဆီခေါ်ခဲ့"
"ဟုတ်ကဲ့ပါ....ဆရာ"
နန္ဒာ့ကိုပြောပြီး သာလွန်ကအခန်းထဲကိုဝင်သွားတယ်။
ESTÁS LEYENDO
မေတ္တာမိုး သွန်းဖြိုးလို့ရွာ
Romanceသတ်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ ငယ်သော်လည်းရင့်ကျက်နေတဲ့ကောင်ငယ်လေးတို့ နှစ်ယောက်အကြောင်းပါ။ လိုက်ပါစီးမျောပေးပါအုံးနော်။