part(27)

7.9K 711 52
                                    

Unicode

"ချမ်းနေပြီမှလား.... လာ.... ပြန်ရအောင်... နော်.... တိတ်... တိတ်ပါတော့ကွာ.... လိမ္မာတယ်... မငိုနဲ့တော့"

ရွှေလကို ပွေ့ထူကာ အိမ်လေးဆီပြန်ဖို့ချော့ရတယ်။

"ဆရာ.... ရတယ်လား.... အစ်ကိုကြီးက တော်တော်လန့်သွားတာနော်"

"အေးပါ.... ရပါတယ်ကွာ.... မင်းခွေးကလဲနော်.... အားကြီးနဲ့ပြေးချလာတာ"

"ဟုတ်တယ်....ဆရာ....တောသားက.... အရမ်းအားကိုးရတာ"

တယ်.... ဒီနှစ်ကောင်.... ငါလုပ်ထည့်လိုက်ရ....
အားကိုးရတာ ဟိုဘက်ကမ်းထိရောက်နေတဲ့နှစ်ကောင်။ ခွေးရော ခွေးသခင်ရောက တကယ်တော့
ကိုအောင်မြင့်တို့အတွက် အားကိုးရသူတွေပါ။ ကိုအောင်မြင့်ရဲ့ သားသုံးယောက်ထဲမှာ ဒီကောင်လေးကအလုပ်လုပ်ဆုံးပါ။ သိပေမဲ့ ကန်ပစ်ချင်နေမိတယ်။

"ဖြေးဖြေးထ.... လာ.... ကိုယ့်ကိုတွဲထား"

ရွှေလ ဦးသာလွန့်လက်ကိုတွဲကာ ဖြေးဖြေးထရတယ်။ ရင်တုန်လွန်းလို့ ငိုချင်တာ ထိန်းမရသေးဘူး။
လေကလဲတိုက် ရေကလဲစိုနဲ့ ချမ်းလာလို့သာ ပြန်ရမှာ။
တကယ်က ကြောက်ပြီး ဒူးကတုန်နေတုန်းပဲ။

ရွှေလ လမ်းကိုလျှောက်သာလျှောက်နေရတာ.... သိပ်မသဲကွဲဘူး။ မျက်လုံးအစုံကိုလက်နဲ့ပွတ်ပြီး သေချာပြန်ကြည့်တယ်.... မှုန်ဝါးဝါးပဲ။ စိတ်ထဲမှာ တစ်ခုခုလိုနေသလိုကြီးပါ။

ဟမ်....
မျက်မှန်..... မျက်မှန်မရှိတော့ဘူး။
ဘုရားရေ....ကယ်ကြပါ.... မျက်မှန်မရှိရင် ဖိုးရွှေလမင်းက ကြောင်တောင်ကန်းတာပါပဲ။

"ဦးသာလွန်...."

"ဟင်.... ဘာလဲ.... ဘာဖြစ်လို့လဲ"

"ကျွန်တော့....မျက်မှန်.... ချောင်းထဲကျခဲ့ပြီ"

"ဟာ....."

သာလွန်လဲ ခုမှမြင်တယ်။ မျက်ပေါက်မှေးလေးကို တိုက်ရိုက်မြင်နေရတာပါလား။ ခုဏ ကိုယ်တိုင်စိတ်ပူနေမိတာမို့ သတိမထားမိတာ။

"အဟင့်.... ဒုက္ခပါပဲ.... ဦးသာလွန်ရယ်.... ဘာမှသေချာမမြင်ရတော့ဘူး"

ငိုသံလေးနဲ့ အိပက်ပက်အသံတိုးတိုးလေးကြောင့် သာလွန် တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ ဘယ်အချိန်ဖြစ်ဖြစ် စိတ်ကလေးက နူးညံ့နေတတ်တာပဲ။ ကိုယ်သာ သူ့လိုဖြစ်ကြည့်.... အဲ့ခွေးကိုသတ်ပစ်မိမှာ.... အခုလိုမျိုး ကိုယ့်အတွက်မရှိမဖြစ်အရာတစ်ခုခုအထိ ဆုံးရှုံးမှုဖြစ်လာရင်တော့ ဘယ်လောက်နဲ့ဘယ်လောက်တောင် ဒေါသထမလဲ ကိုယ်တိုင်မခန့်မှန်းတတ်တော့ပါ။

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now