part(30)

8.2K 694 43
                                    

Unicode

ရွှေလကို ကိုစိုးသော်တာထွန်းကလာကြိုပေးပြီး မြို့စွန်မှာပဲရှိတဲ့ Royal villa ထဲကိုမောင်းပြီးဝင်လာပါတယ်။ ဒါက ဥွီးသာလွန်နေထိုင်ရာ အိမ်ယာဝန်းပါ။ ရွှေလအတွက်တော့ ဝန်းဂိတ်တံခါးကြီးကနေ ဝင်လာကတည်းက လမ်းဘေးဝဲယာကိုငေးလို့မဝဖြစ်နေရတယ်။ ဒါမျိုး အိမ်ယာဝန်းကို တစ်ခါမှ မလာဖူးပါဘူး။ တကယ်ပိုက်ဆံချမ်းသာသူတွေသာ နေထိုင်တဲ့နေရာဆိုတာ လမ်းပေါ်ကကြည့်ရင်တောင်သိသာစွာ မြင်နေရပါတယ်။

ကိုယ်ပိုင်ခြံဝန်းကြီးတွေနဲ့ ဆင်တူဆောက်လုပ်ထားတဲ့ အိမ်တော်ကြီးတွေ.... နန်းတော်တမျှခမ်းနားတယ်လို့ ထင်မိတယ်။
အေးချမ်းလုံခြုံပြီး တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ကြောင့် နေထိုင်သူတွေ တော်တော်စိတ်ချမ်းသာမယ်ထင်ပါတယ်။ အခုမှ ရောက်လာရတဲ့ ရွှေလမှာ ငေးလို့ကိုမဝပါဘူး။

"ရောက်ပြီ.... ရွှေလလေး.... ဆရာတို့အိမ်"

ဝန်းထိပ်ကဂိတ်တံခါးကြီးကနေတဆင့် ငါးမိနစ်လောက်ဆက်မောင်းလာတဲ့အခါ ခန့်ညားထည်ဝါတဲ့ အိမ်ရှေ့မှာ ကားကိုရပ်ရင်း ကိုစိုးသော်တာထွန်းကပြောတယ်။ ဦးသာလွန်ရဲ့အိမ်က ဝန်းတစ်ခုလုံးမှာ အခမ်းနားဆုံးဖြစ်မယ်ထင်ပါတယ်။

"ဟာ.... ရောက်ပြီလား.... ဟုတ်....ဟီး.... ငေးလို့ကောင်းတာနဲ့ ငေးနေတာ.... အိမ်ရှေ့ရောက်တာတောင်သတိမထားမိဘူး"

"ဟုတ်တယ်.... ဒါ.... ဆရာ....ဆောက်ထားတဲ့အိမ်ယာလေ.... ရွှေလလေး.... မိုက်လား"

"အဟီး.... အရမ်း.... အရမ်း.... မိုက်တယ်"

"ဆရာ.... တစ်ယောက်ထဲပိုင်တာနော်..... အဲ့ဒါရော သိလား"

"ဟင့်အင်း.... သိပါဘူး..... ကျွန်တော်ထင်တာကလေ.... ကုမ္ပဏီက ရှယ်ယာတွေရှိတာလားလို့"

"ဘယ်ကလာ.... မရှိဘူး..... ဆရာတစ်ယောက်ထဲပိုင်တာ..... ဆရာက.... ကုမ္ပဏီက အကြီးတန်းရာထူးသမားတွေကို ရှယ်ယာရှင်လိုဆက်ဆံပေးပြီး.... နှစ်တိုင်းလဲ ရှယ်ယာအမြတ်သဘောမျိုး.... ခွဲပေးတယ်.... တစ်နှစ်တစ်ခါ.... ပေးတာလေ.... ကိုကြီးတောင်.... မုန့်ဖိုးအများကြီး ရတာ....ရွှေလရဲ့....ဟဲ...ဟဲ... မြန်မြန်နှစ်ကုန်စေချင်တာ အဲ့ဒါကြောင့်"

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now