part(7)

9.6K 805 15
                                    

Unicode

ရွှေလ အိပ်ယာနိုးလာတော့ ခုနှစ်နာရီခွဲပြီ။
အရင်တုန်းကတော့ မနက်ပိုင်းရွှေလစာသင်ပေးရတဲ့ကလေး​တွေရှိသည်။ မနက်ပိုင်းကိုစာသင်ပြီးမှ ရွှေလက ကိုယ်တက်ရမဲ့သင်တန်းများရှိရာကိုသွားသည်။
အလုပ်ဝင်တော့မယ်လို့စိတ်ကူးပြီ မနက်ပိုင်းကျောင်းသားကိုရွှေလသူငယ်ချင်း မာမာနဲ့လွှဲပေးလိုက်တာ။ မာမာကလဲ သူနေထိုင်ရာမြောက်ဒဂုံမှာစာသင်ပေးသည့်သူတစ်ယောက်ဆိုတော့ အဆင်ပြေသွားတာပေါ့။

အလုပ်တစ်ခုကိုအတည်တကျပဲ ရွှေလကြိုးစားရတော့မည်။ ဘွဲ့တစ်ခုရပြီး တစ်နှစ်ကျော်အတွင်းမှာ တက်ရမဲ့သင်တန်းတွေလဲ တက်ခဲ့ပြီ။ စာသင်ပေးတဲ့ဝင်ငွေက နည်းတယ်လို့ပြောလို့မရပေမဲ့ ကြာရှည်တော့လုပ်ကိုင်သွားဖို့မလွယ်ပါ။ ရွှေလက စာသင်တာကိုအရမ်းဝါသနာပါလှသူမဟုတ်။
ကိုယ့်အသုံးစားရိတ်ဝင်ငွေကို ကိုယ်တိုင်ရှာရမဲ့အကြောင်းဖြစ်လာတာကြောင့်သာ စာသင်ရင်းကေ​ျာင်းတက်ခဲ့တာ။ လူတွေများများနဲ့အလုပ်မျိုးကို ဘယ်လိုစီမံခန့်ခွဲလဲဆိုတာမျိုး ရွှေလသဘောကျသည်။
ဝါသနာမပါသော်ငြါး စေတနာထားပြီးစာသင်ပေးခဲ့တာကြောင့် တစ်ချို့ကျောင်းသားမိဘများက ရွှေလနဲ့စာကိုဆက်သင်ချင်ကြသေးတာရှိသည်။
မာမာနဲ့ လွှဲပေးလို့ရတဲ့ကျောင်းသားကိုလွှဲပေးလိုက်ပြီး ကျန်နေသေးတဲ့ကျောင်းသားတစ်ယောက်ကို ရွှေလ ညနေပိုင်းပြောင်းပြီး သင်ပေးထားသည်။
အခုမှတွေးမိသည်..... ကျောင်းသားတစ်ချို့ကို မာမာကအစားသင်ပေးတာတော့ဟုတ်ပါပြီလေ.... မနေ့က interview ခဲ့တဲ့အလုပ် မရခဲ့ရင်ခက်ပြီပေါ့။
အလုပ်တစ်ခုမရရင် နောက်တစ်ခုလျှောက်ကြည့်မယ်လို့ ရွှေလစိတ်ကူးပြီးသားပါ။ ဒါပေမဲ့ သေချာပြင်ဆင်ပြီး လျှောက်ထားတာမို့ အလုပ်ကိုလဲသေချာပေါက်လိုချင်ပါသည်။

"ဟေ့.... ငါ့မြေး..... ဒီနေ့ အလုပ်ကဖုန်းဆက်မယ်ထင်တယ်နော်"

ရွှေလ ကိုမြင်တာနဲ့ ဖွားက အလုပ်စကားကိုစသည်။
ဖွားကတော့သေချာနေတော့တာပဲ။

"ရရင်တော့.... ဆက်မှာပေါ့ ဖွားရဲ့"

"ဒါနဲ့.... ဖွားမြေးက မနက်ပိုင်း .... စာသင်ဖို့မရှိဘူးဆို.... ဘာလို့စောစောကြီး.... အိပ်ယာထလာရတာတုန်း"

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now