part(41)

8.1K 690 66
                                    

Unicode

"ဖွား.... သက်သာအောင်....နေရမယ်နော်....သိလား"

ဖွားကခေါင်းညိမ့်ပြတယ်။ ဖွားရဲ့နှုတ်ခမ်းထောင့်မှာ ပေနေတဲ့ ဆန်ပြုတ်စလေးကို တစ်ရူးယူကာ ဦးသာလွန်က သုတ်ပေးတယ်။

"ရွှေလကို.... ကျွန်တော်ကို.... ပေးနော်....ဖွား.... ကျွန်တော်တစ်သက်လုံး.... စောင့်ရှောက်သွားမယ်"

ယုံယုံကြည်ကြည်ပဲ ဖွားက ခေါင်းညိမ့်ပြတယ်။ ရွှေလက ဦးသာလွန်ပြောသမျှကို မကြားသလိုပဲနေတယ်။ ဘာတွေပြောပြန်ပြီလဲတို့ ဘာတို့ မမေးချင်ဘူး။ ဖွားရှေ့မှာမို့ မသိချင်ယောင်နေလိုက်တာ။ ငြင်းနေပြောနေရင် ဖွား စိတ်မကောင်းဖြစ်သွားမှာစိုးလို့။

အဖွားကိုဆန်ပြုတ်လေးခွံ့ပေးနေတဲ့ ရွှေလဘေးမှာ ဦးသာလွန် ရှိနေတယ်။ ဒါကြောင့် ဖွားကိုစကားပြောနေတာ။ ဖွားက ပြန်မပြောနိုင်ပေမဲ့ ခေါင်းတညိမ့်ညိမ့်နဲ့ ဦးသာလွန်ရောက်လာတဲ့အတွက် စိတ်ပျော်ပုံလဲရတယ်။ သန်မာတဲ့လက်တစ်ဖက်နဲ့ ဦးသာလွန့်လက်ကို ဆုပ်ကိုင်ထားတယ်။ ဆေးတွေသောက်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်တာမို့ အရမ်းဆိုးဆိုးဝါးဝါးတော့ မဖြစ်ဘူး။ ခေါင်းထဲက အကျိတ်အတွက်ပဲ ရွှေလ ရင်လေးနေရတာပါ။ ဖွားက အခုမှခေါင်းနည်းနည်း စကိုက်ပါတယ်။ အရင်ကဆို လုံးဝခေါင်းမကိုက်တတ်သူပါ။

ရွှေလ ဖွားအနားမှာပဲ ပြုစုရတော့မယ်။
ဦးသာလွန့် အလုပ်ကိုလဲကူနိုင်မယ်မထင်တော့ဘူး။
ငွေရေးကြေးရေးတွေကိုတော့ မသီတာနဲ့တိုင်ပင်ဖြစ်ပါတယ်။ မသီတာကလဲ တတ်နိုင်သမျှကူပေးမယ်ပြောပါတယ်။ ဖွားရဲ့ငွေတိုးရင်းပွားလေးတွေကို မသီတာ ဆက်ပြီးလုပ်ပေးခဲ့ရင်တော့ အိမ်အသုံးစရိတ်ရနိုင်ပါတယ်။
ဖွားအတွက်ဆေးတွေကိုလဲ ဦးသာလွန်ကပဲ ဝယ်ပေးနေတာပါ။ ဒါကိုတော့ ရွှေလအနေနဲ့လက်မခံချင်ပေမဲ့ လတ်တလောမှာ လက်ခံရမယ်။ မရှိဘူးအဆင်မပြေဘူးဆိုပေမဲ့ ကိုယ့်ကိုစေတနာသက်သက်ကူညီနေတာကိုတော့ ရုပ်ပျက်ဆင်းပျက်ငြင်းနေရင် မကောင်းဘူး။
မရှိမာနထားရတယ်ဆိုတာ မှန်ပေမဲ့ ဦးသာလွန်ကိုတော့ အတင်းငြင်းနေလို့ အဆင်မပြေဘူး။ ကိုယ့်တစ်ယောက်ကိုပဲ ကူညီနေတတ်သူမှမဟုတ်တာ။ လိုအပ်ရင် ဘယ်သူ့ကိုမဆို ကူညီတတ်တဲ့သူဆိုတာ ရွှေလ သိနေတာပဲ။
လိုတာထက်ပိုပြီး ဘာမှလုပ်မပြချင်ဘူး။ ငြင်းတာရော လက်ခံတာကိုရောပေါ့။

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now