part(15)

8.2K 735 24
                                    

Unicode

ရုံးတက်ရသည့်မနက်ပိုင်းမှာတော့ ရွှေလက ထုံးစံအတိုင်းရုံးကိုစောပြီးရောက်အောင်သွားသည်။
သီချင်းလေးတစ်အေးအေးနဲ့ပဲ လုပ်စရာရှိတာတွေကိုလုပ်တယ်။ မကြာပါဘူး ရုံးပိုင်းဝန်ထမ်းတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတယ်။

"ဟေ့.... ရွှေလလေး.... ဖြန်း"

"ဝက်သား....ကုလားထိုင်ပေါ်မှာ....အ့.... လန့်လိုက်တာ ထွဋ်ခေါင်ရယ်"

ရွှေလတင်ပါးကိုဖြန်းကနဲမည်အောင်ရိုက်ပြီး နောက်လိုက်တဲ့ထွဋ်ခေါင်ကြောင့်ရွှေလ လန့်သွားတာပါ။

"အိုးးး..... sorry.... လန့်သွားတာလား.... sorry ပါရွှေလရယ်"

"အင်း....ရတယ်....ရုတ်တရက်မို့ပါ"

"ဒါနဲ့.... မင်းယောင်တာအဆန်းနော်"

"အေးကွာ.... ဘယ်ကနေဘယ်လို....ယောင်သွားတတ်မှန်းမသိတော့ပါဘူး.... မင်းလဲ ဒီနေ့စောတယ်နော်"

"ဟုတ်တယ်..... ငါ့အဖေနဲ့ကားကြုံလိုက်လာလို့လေ"

ရွှေလက ချောမောသွက်လက်ပြီးချစ်စရာအမူအယာနဲ့ ထွဋ်ခေါင်ကိုငေးကြည့်မိပြန်သည်။
ထွဋ်ခေါင်သည် ချစ်စဖွယ်အမူအယာရှိပြီး သွက်လက်တာကြောင့် ရုံးမှာလူချစ်လူခင်များသည်။ အတူတူချင်း အလုပ်ဝင်တာပေမဲ့ အပေါ်ထပ် အောက်ထပ်နှစ်ထပ်လုံးက လူကြီးတွေထွဋ်ခေါင်နဲ့မသိသူမရှိသလောက် ဖြစ်နေပြီ။
ရွှေလကိုတော့ အနေအေးပြီးတော်တယ်ဆိုတာသိကြပေမဲ့ ထွဋ်ခေါင်လောက်မျက်နှာမချိုသူဆိုတော့ လူတိုင်းနဲ့မရင်းနှီးတာ ဆန်းတော့မဆန်းပါ။

ကိုယ်ပိုင်ကားနဲ့အခြေအနေတစ်ခုမှာ ရှိနေသောထွဋ်ခေါင်က အလုပ်လုပ်စရာမလိုသူပါ။
ထွဋ်ခေါင်ပြောပြသလောက်ဆိုရင် သူ့အဖေကိုယ်တိုင်က ကုမ္ပဏီပိုင်ရှင်တစ်ယောက်ဖြစ်နေသည်တဲ့လေ။ ဦးသာလွန်လောက် ပမချမ်းသာပေမဲ့အခြေအနေတစ်ခုရှိကြောင်း ထွဋ်ခေါင်ကပြောပြတတ်သည်။
အလုပ်က ထွဋ်ခေါင်တောင်းဆိုလွန်းလို့ ပေးလုပ်သည့်သဘောဖြစ်သည်။
ထွဋ်ခေါင်ကတော့ သူ့အဖေနဲ့တူတူလိုက်သွားမိတဲ့ညစာစားပွဲတစ်ခုမှာ ဦးသာလွန်ကိုတွေ့မိပြီးနောက်ပိုင်း ဦးသာလွန့်အနားမှာ အလုပ်လုပ်ခွင့်ရဖို့ ကြိုးစားတော့တာပဲတဲ့လေ။

မေတ္တာမိုး သွန်းဖြိုးလို့ရွာDonde viven las historias. Descúbrelo ahora