ကျေးဇူးတင်လွှာ
4K 284 49
ဇာတ်သိမ်းသွားခဲ့ပါပြီနော်။
ဒီလောက်နဲ့ကျေနပ်ကြပါလို့ တောင်းဆိုချင်ပါတယ်။
အရင်ကရေးခဲ့တဲ့ fic တွေက တစ်ပိုင်းကို စာလုံးရေ နှစ်ထောင်နီးပါးပဲ ရေးခဲ့ပေမဲ့ မေတ္တာမိုးကိုတော့ တစ်ပိုင်းချင်းစီမှာသုံးထောင်နီးပါးရေးပေးခဲ့ပါတယ်။
ဇာတ်လမ်းကို အရမ်းကြီးတာမျိုးလဲမရေးချင်ဘူး။
ဖြေးဖြေးညိမ့်ညိမ့်နဲ့ သဘာဝအတိုင်းလေးပုံဖော်ချင်တာမို့ drama မပါတဲ့ fic လေးပါ။
ကိုယ်ပုံဖော်တာ အဆင်ပြေရဲ့လားမသိပေမဲ့ ချစ်ခြင်းနဲ့အတူပါလာတဲ့ မေတ္တာတရားကိုရေးချင်ခဲ့တာပါ။
တစ်ယောက်ချင်းစီရဲ့ အကြောင်းအသေးစိတ်မဟုတ်တောင် အတတ်နိုင်ဆုံးပုံဖော်ပေးခဲ့ပါတယ်။ လိုအပ်ချက်ရှိရင်လဲ ဖြည့်တွေးပေးအုံးနော်။
ခွဲရပြီဆိုရင်ကိုယ်လဲဝမ်းနည်းတတ်ပါတယ်လေ။
ဒါပေမဲ့ ကျေနပ်ပေးကြပါအုံး။
Extra မရှိတော့ပါဘူးနော်။
အကယ်လို့များ စာဖြည့်ချင်တာရှိရင် un တာမျိုးမလုပ်ဘဲ ဖြည့်သွားပေးပါ့မယ်။
ဂျစ်တူးတို့ဝေဖန်ချင်တာမျိုး ရေးစေချင်တာမျိုးရှိရင်ပြောနော်။
ထပ်ပြီးတော့ရေးချင်တာရှိလာရင် သူသတိရတိုင်းဖတ်ဖို့ဆိုတဲ့ fic တိုလေးရေးတဲ့နေရာမှာ ရေးပါ့မယ်။
အဲ့နေရာမှာတော့ ဒိုးတို့အတွက်ရော ဘဂျမ်းတို့အတွက်ရော သည်းသော်တို့အတွက်ရော ရွှေလတို့အတွက်ရော ရေးချင်တာရှိရင် ရေးပါမယ်နော်။
ကိုယ်ကဘာလေးပဲ ဖန်တီးပေးပေး အမြဲချစ်ပေးအားပေးကြတဲ့ တစ်ယောက်ချင်းစီကို အရမ်းကျေးဇူးတင်ပြီးချစ်ပါတယ်နော်။
ကိုယ့်ချစ်ခြင်းတွေ မြင်ကြားသိပါစေ.... ဂျစ်တူးတို့ရယ်။
စျေးဗန်းတွေမခင်းဖြစ်သေးဘူး။ ဒါကြောင့်စာဖတ်သူတွေလဲ သိပ်မသိကြသေးဘူး။ အချင်းချင်းမှာ ဒီလိုအရေးအသားမျိုးကြိုက်မယ်ထင်ရင် ဂျစ်တူးတို့ကပဲ ညွှန်းပေးလိုက်နော်။
လိုအပ်တာရှိတယ်ထင်ရင် လာပြောပေးပါအုံး။
အားလုံးကို ဦးသာလွန်ကောင်းမွန်နဲ့ဖိုးရွှေလမင်းတို့က နှုတ်ဆက်လိုက်ပါတယ်လို့။
လိုက်ပါစီးမြောပေးတာကို ကျေးဇူးတင်ပါတယ်။
♥♥♥♥
ချစ်ခြင်းမေတ္တာအားဖြင့်
Aerii
♥♥♥♥ချစ်ခြင်းမေတ္တာအားဖြင့်Aerii
К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.
♥♥♥♥
Aerii
မေတ္တာမိုး သွန်းဖြိုးလို့ရွာМесто, где живут истории. Откройте их для себя