part(5)

12K 901 11
                                        

Unicode

Royal Villa

ရန်ကုန်မြို့ရဲ့လူတန်းစားသီးသန့်တို့နေထိုင်ရာ အိမ်ယာဝန်းတစ်ခုအတွင်းကို နောက်ဆုံးပေါ်  ကားကြီးတစ်စီး မောင်းပြီးဝင်လာတယ်။

ညနက်နေပြီဆိုပေမဲ့ ဒီအိမ်ယာဝန်းက 24hours လုံခြုံရေးရှိပြီး ဂိတ် pass ကနှစ်ထပ်ရှိတယ်။
ပထမတစ်ဆင့်မှာ လုံခြုံရေးဝန်ထမ်းတွေရှိတယ်။ ဝန်းရှေ့ကို ကားရပ်လိုက်တာနဲ့ ကားနံပါတ်ကိုမြင်တွေ့ရတယ်။ ရှင်းလင်းပြီး နံပါတ်တွေကိုတိတိကျကျမြင်ရတဲ့ CCTV ကဝင်လာသမျှကားတွေကို မှတ်တမ်းယူတယ်။

ဒုတိယအဆင့်က digital နဲ့လုပ်ထားတယ်။
ပထမဂိတ်မှာရှိတဲ့ လုံခြုံရေးက သူ့တာဝန်အရစစ်ဆေးပြီးမှ ကဒ်ထုတ်ပေးလိုက်တယ်။ အဲ့သည်ကဒ်လေးထဲမှာ အိမ်နံပါတ်နဲ့ကားနံပါတ်ပါတယ်။
အပြင်လူဝင်ဖို့မလွယ်သလို လုံခြုံရေးလဲ တင်းကျပ်တယ်။ ရန်ကုန်မြို့ရဲ့ပိုက်ဆံချမ်းသာသူ အသိုင်းအဝိုင်းတွေထဲမှာမှ.... ပိုပြီးပိုက်ဆံချမ်းသာသူတွေနေထိုင်ရာနေရာဖြစ်တယ်။
လူနေသီးသန့်ဖြစ်ပြီး ကုမ္ပဏီတို့ရုံခန်းတို့လဲ လာဖွင့်ထားတာမရှိဘူး။
လူဝင်လူထွက် သီးသန့်ဆန်တယ်ပေါ့။
.
.
.

သာလွန် ဒီနေ့ည အိမ်ကိုအတော်လေးနောက်ကျမှ ပြန်လာရတယ်။ မိတ်ဖက်လုပ်ငန်းစုလဲ ဖြစ်သလို သူငယ်ချင်းရဲ့ ကုမ္ပဏီ နှစ်ဆယ့်ငါးနှစ်​ပြည့် နှစ်ပတ်လည်ပွဲကို ကဲပြီး ပြန်လာတာ။

ကဲတယ်ဆိုတာကလဲ.... ငယ်သူငယ်ချင်းတွေ ဆုံတာမို့ သောက်ကြ စားကြတာလောက်ပါပဲ။
သာလွန်က အသောက်အစားဆိုရင်တောင် တစ်ခါတစ်ရံမှ .... အခုလိုမဖြစ်မနေတက်ရတဲ့ပွဲလောက်ပဲ သောက်တာစားတာ လုပ်ဖြစ်တယ်။ သာမန်အချိန်တွေမှာဆို.... အလုပ်နဲ့အိမ်ပဲ.... အပန်းဖြေတာ အနားယူတာဆိုရင်တော့... သာလွန်ပိုင်တဲ့ မြို့ပြင်က ခြံကျယ်ထဲမှာ အနားယူတယ်။
ငါးမျှားထွက်တယ်.... ဒါပဲ။

အိမ်ထောင်မရှိဘူး.... လူပျို...
မိန်းမတွေကို ပတ်သက်သင့်သလောက်ပတ်သတ်ပြီးမှ... စိတ်တွေက လွတ်လွတ်လပ်လပ်နေချင်စိတ်ဘက်ကို များသွားတာကြောင့် အိမ်ထောင်ပြုဖို့စိတ်ကူးမရှိတော့ဘူး။
ဒါဖြင့် ရည်းစားရောထားလားဆိုတော့ နောက်ဆုံးရည်းစားနဲ့လမ်းခွဲခဲ့တာ.... ခြောက်နှစ်လောက်ရှိပြီထင်တယ်။

မေတ္တာမိုး သွန်းဖြိုးလို့ရွာDonde viven las historias. Descúbrelo ahora