Unicode
ရွှေလ အိမ်ကိုပြန်ရောက်သည်အထိ တစ်စုံတစ်ခုသောအကြောင်းကို တွေးမိနေဆဲ။
ဒီနေ့ ဦးသာလွန်က ရွှေလတို့စားသမျှကိုရှင်းသွားပေးတဲ့အပြင် အစပ်တွေအသားကုန်စားပြီး တစ်ချက်တစ်ချက်လျှာတစ်လစ်အပြင်ထွက်လာနေတဲ့ ရွှေလကို အအေးဝယ်တိုက်သွားသေးတာပါ။
အားနာတယ်....တကယ်ပြန်တွေးပြီး ရယ်မိ.... ရယ်မိပြီးရင် ရင်တုန်လာ... ပြီးရင်တော့ တသိမ့်သိမ့်နဲ့ဘာဖြစ်နေမှန်းမသိဘူး။
ကိုယ်က ကြောက်နေမိတဲ့လူတစ်ယောက် ကိုယ့်အလုပ်ပိုင်ရှင်လဲဖြစ်တဲ့သူက ထင်ထားသလိုအေးစက်စက်မဟုတ်ဘဲ ရွှေလအပေါ်မှာ နွေးထွေးတယ်ဆိုတာသိရလို့ ဝမ်းသာသွားတာပါ။ ရုံးမှာဆို အလုပ်တွေကြားထဲအာရုံစိုက်နေတဲ့ ဦးသာလွန်က လွန်ခဲ့တဲ့ရက်ပိုင်းတွေမှာ သူ့အခန်းထဲစာရွက်စာတမ်းတွေသွားပို့ပေးတဲ့ ရွှေလကို လှည့်ပင်မကြည့်ခဲ့ပါ။ ဦးသာလွန်ဖြတ်သွားတဲ့ လမ်းတစ်လျှောက်မှာ တွေ့ခဲ့ရင်လဲ ရွှေလကခေါင်းငုံ့ကာ နှုတ်ဆက်ပေမဲ့ ဦးသာလွန်ကမြင်ဟန်ပင်မပြခဲ့ပါ။
ဒီတစ်ပတ်လုံး ဦးသာလွန် အလုပ်ကိုအာရုံစိုက်ပုံကြီးကကြောက်စရာင်ကောင်းလှသည်။ ဒါကြောင့် ရွှေလမှာ မနန္ဒာ သင်ပေးသမျှအပြင်လိုအပ်တာမှန်သမျှ ကြိုပြီးကြည့်ထားမိရသည်အထိပါပဲ။ ကိုယ့်အလုပ်ရှင်က လစာလဲများများပေးတယ်....သူကိုယ်တိုင်လဲတိတိကျကျသမားတစ်ဦးဆိုတာသိနေရတာကြောင့် နောက်ကနေလိုက်မကြိုးစားဘဲ မနေနိုင်တော့ပါ။
တကယ်ခိုင်းပြီဆိုတော့မှ လွဲရင်မှားရင် ဘယ်လိုအော်ခံထိသလဲဆိုတာ ရွှေလကောင်းကောင်းကြီးသိသည်လေ။
ကိုယ်အအော်ခံရတာကအရေးမကြီးပေမဲ့ ကိုယ်လုပ်လိုက်တဲ့အမှားက ဦးသာလွန့်အပေါ်ထိခိုက်မှုဖြစ်မှာတော့ ကြောက်ပါသည်။
.
.
."ဟို.... ဟို...မရှင်းလိုက်ပါနဲ့ဆို.... ဦးသာလွန်ရယ်.... အားနာလိုက်တာ"
"ဟုတ်ကဲ့.... ဦးရယ်....အားနာစရာကြီး.... ပြီးတာ့ ကျေးဇူးတင်ပါတယ်နော်"
"ဟဲ...ဟဲ.... ဦးကသဘောကောင်းလိုက်တာ.... ကျေးဇူးတင်ပါတယ်ဗျ"
တစ်ယောက်တစ်ပေါက်နဲ့ကျေးဇူးတင်စကားပြောနေတဲ့ ကလေးတွေကယဥ်ယဥ်ကျေးကျေးနဲ့ပါလား။
သုံးယောက်ထဲမှာ အဆိုးဆုံးကတော့ ရွှေလမင်းပဲပေါ့။
အားနာပြီး မျက်နှာကိုရဲလို့ပါပဲ။
ဖြူဝင်းနေတဲ့မျက်နှာပေါ်မှာ ပါးလေးတွေနီရဲပြီး နှုတ်ခမ်းထော်ထော်လေးက ပိုဆိုးသေးတာ။ နီရဲနေတာမှ ခရမ်းချဥ်သီးလိုပဲ။ သူ့မူပိုင်ပုံစံ စိတ်လှုပ်ရှားရင် အပြင်ထွက်နေတဲ့အပေါ်သွားနှစ်ချောင်းက အောက်နှုတ်ခမ်းကိုဖိကိုက်ထားသေးတယ်။
ပါးပြင်ပေါ်မှာ အဖုလေးတွေကို သနပ်ခါးစက်ကတို့ ထားရသေးတာ။
YOU ARE READING
မေတ္တာမိုး သွန်းဖြိုးလို့ရွာ
Romanceသတ်လတ်ပိုင်းအမျိုးသားတစ်ယောက်နဲ့ ငယ်သော်လည်းရင့်ကျက်နေတဲ့ကောင်ငယ်လေးတို့ နှစ်ယောက်အကြောင်းပါ။ လိုက်ပါစီးမျောပေးပါအုံးနော်။