part(24)

7.8K 720 36
                                    

Unicode

ပူပြင်းတဲ့နေရောင်ကြောင့် မျက်မှောင်ကိုကုတ်ချထားတယ်။ မြင့်လွန်းတဲ့အရပ်ကိုမှီဖို့ခြေဖျားထောက်ကာ ထီးကိုတတ်နိုင်သမျှလုံအောင် ကြိုးစားပေးမိတယ်။

စိုးသော်တာထွန်းမပါတဲ့နေ့မျိုးမှာ ဦးသာလွန်နောက်ကို ရွှေလ လိုက်ရတဲ့အခါမှာပေါ့.... ထီးကတစ်ဖက် ဖိုင်ကတစ်ဖက် ကျောပိုးအိတ်ကိုလွယ်ပြီးခြေဖျားထောက်ကာ ထီးဆောင်းပေးနေတဲ့ရွှေလကို သာလွန်ကောင်းမွန်ရဲ့ဆိုက်ထဲမှာ တွေ့နိုင်ပါတယ်။ ရှေ့ကဆရာသမားက အရပ်မြင့်မြင့် ကိုယ်နေဟန်မတ်မတ်နဲ့ အရှိန်အဝါကြီးနေသလောက် နောက်ကဖရိုဖရဲလေးက မမှီမကမ်းကို အတတ်နိုင်ဆုံး ခြေဖျားလေးထောက်ကာ ထီးမိုးပေးနေရတဲ့မြင်ကွင်းက ဆိုက်ထဲကအလုပ်သမားတွေအတွက် ခိုးငေးရတဲ့မြင်ကွင်း ဖြစ်ပါတယ်။
အလုပ်ကိုစိတ်ဝင်တစား အသေးစိတ်စစ်ဆေးနေတဲ့ ဦးသာလွန် နေပူမှာစိုးလို့ထီးမိုးပေးနေတဲ့ရွှေလမှာ နေပူဒဏ်ကြောင့် မျက်နှာလေးကိုရဲလို့ပါပဲ။
ဖြူတဲ့အသားတွေက နီလာတယ်။ နေပူထဲကိုထွက်ရတာကြောင့် မျက်နှာပေါ်ကဝက်ခြံဖုကလဲ တစ်ဖုဆင်း တစ်ဖုတက်နဲ့ နံပြားနဲ့တောင်တူလာတယ်။

"ပေး.... မင်းလက်ထဲက.... ဖိုင်တွေ"

ရွှေလလက်ထဲက ပစစ္ည်းတစ်ချို့ကိုဆွဲယူရင်း ထီးကိုပါလက်လွှဲယူသွားပြီ။ သူ့နောက်မှာလိုက်လာတာ ရွှေလတစ်ယောက်ထဲမှ မဟုတ်တာ။ ဘေးက ကပ်ပါလာတဲ့ ဆိုက်အင်ဂျင်နီယာတစ်ယောက်နဲ့ အလုပ်သမားခေါင်းဆောင်တစ်ယောက်က ရွှေလတို့ကိုကြည့်နေတယ်။ သူတို့စိတ်ထင် ဒီအသေးလေးကို သူတို့ဆရာ တော်တော်ဂရုစိုက်တယ်ပေါ့။ ရွှေလမှာတော့ အဲ့လိုအထင်ခံရမှာ ကြောက်နေရပါတယ်။

"ဟို.... ရတယ်.... ရတယ်.... ပေး.... ကျွန်တော်ပဲ ကိုင်ထားပါ့မယ်"

ရွှေလက ဖိုင်တွေကိုပြန်လုယူရတယ်။
ဖိုင်တွေကို လက်လွှတ်ပေးလိုက်ပေမဲ့ ထီးကသူ့အရပ်ကိုကျော်ပြီး ရွှေလ ဘယ်လိုမှယူလို့မတတ်ပါ။

"ထီး.... ထီးလဲပေးလေ.... ကျွန်တော် ဆောင်းပေးမှာပေါ့"

"ရတယ်.... ထီးဆောင်းပေးတဲ့လူရဲ့ အရပ်က.... ပေမမှီ... ဒေါက်မမှီနဲ့.... လာ.... ဒီဘက်ကပ်ထား....နေပူတယ်"

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now