.. ..intro.. ..

21.9K 196 12
                                    

အချစ်မှာနစ်၍မွန်းခဲ့ပြီ
(I'm drowning in love)

Intro

🍷အချစ်မှာ နစ်၍မွန်းခဲ့ပြီ
(I'm drowning in love)

✳️✳️✳️✳️✳️✳️✳️✳️✳️

Mature content
Adult story
Own creation
By alinkar nang

✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️

✳️✳️Intro ✳️✳️

ကျွန်တော်က အလင်းသစ်

ကျွန်တော့်ဘဝမှာ မိန်းကလေးနှစ်ယောက်နဲ့ပတ်သတ်ခဲ့မိတယ် တစ်ယောက်ကသိမ်မွေ့ပြီး တစ်ယောက်ကတော့ နွဲ့နှောင်းတယ်

တစ်ယောက်က ညငှက်လေးဖြစ်ပြီး ဈေးပေါတယ်

တစ်ယောက်ကတော့ ဗိုင်းကောင်းကျောက်ဖိလေးဖြစ်ပြီးမာနကြီးတယ်ဗျာ

နှစ်ယောက်လုံးကကျွန်တော့်ကိုငြင်းကြတယ် ဘာကြောင့်လဲ ? ကျွန်တော်အဖြေရှာလို့ကိုမရဘူး ကျွန်တော်က ချောမောပြီး ‌တောင့်တင်းချမ်းသာတယ်လေ

အဲ့ဒါကိုနှစ်ယောက်လုံးကခါးခါးသီးသီးဖြစ်နေတာ ကျွန်တော်မှာ ဘာတွေကများမှားယွင်းနေလို့လဲ

နှစ်ယောက်ထဲကတစ်ယောက်လောက်တော့ ရရင်ကောင်းမှာပဲ

ဝိုးးးးးး မထင်မှတ်ပဲ တနေ့မှာတော့ ကျွန်တော် လျို့ဝှက်ချက်အကြီးကြီးကိုရှာတွေ့သွားခဲ့တယ်

ကျွန်တော်ဘဝမှောက်ခုံဘာ‌ေကြာင့်ဖြစ်သွားခဲ့ရတယ်ဆိုတာနဲ့

သူတို့နှစ်ယောက်ဘာကြောင့်အသည်းအသန်ငြင်းနေကြရတာလဲဆိုတဲ့အဖြေရောပေါ့

အားးးးးးးး အဲ့ဒါက တကယ်မဖြစ်သင့်ဘူးဗျာ

အခုမှ တကယ်ကို ကျွန်တော် အခ‌ျစ်မှာနစ်ပြီးမွန်းခဲ့ရပြီလေ

ဖြစ်နိုင်တာက သူတို့နှစ်ယောက်လုံးဟာ ..........

✳️✳️✳️alinkar nang✳️✳️✳️

ကျွန်မက သိမ်မွေ့လွန်း

အဆောင်မှာနေပြီး ကျောင်းတက်တဲ့ခပ်ရိုးရိုးကျောင်းသူလေးတစ်ယောက်ပါ

မျက်မှန်နဲ့ ဆံပင်အမြဲကျစ်ထားတတ်တဲ့ကျွန်မကအချောစာရင်းထဲမှာထိပ်ဆုံးရောက်နေပေမဲ့လဲ ရိုးအပြီးခပ်တုံးတုံးမို့ ဘယ်သူမှစိတ်မဝင်စားကြဘူး

သူနဲ့မတွေ့ခင်အချိန်အထိပေါ့

သူက ကျွန်မကို မြတ်နိုးပေး ချစ်ပေး တန်ဖိုးထားပြီးစောင့်ရှောက်ပေးတယ်

ကျွန်မလဲသူ့ကိုချစ်တယ်

ဒါပေမဲ့ သူက သိုးရေခြုံထားတဲ့ဝံပုလွေပဲ

သူ့ရဲ့အရေခြုံထားတဲ့အယောင်ဆောင်မျက်နှာဖုံးအောက်ကိုကျွန်မမြင်နေရတာမို့

သူ့ကိုဘယ်တော့မှလက်ခံမှာမဟုတ်ဘူး

သူ့ကြောင့် အချစ်မှာနစ်၍မွန်းခဲ့ရင်တောင် ဒီအတိုင်းပဲ ခါးစည်းခံနေလိုက်မှာမို့

✳️✳️✳️ Alinkar nang ✳️✳️✳️

ကျွန်မက နွဲ့နှောင်းဟန်

အချောအလှစာရင်းဝင်ပေမဲ့
ဈေးပေါပြီး လူတကာကိုဖျော်ဖြေနေရတဲ့ မဖြစ်စလောက်ညငှက်လေးတစ်ကောင်ပါ

မျော်လင့်ချက်မရှိ အနာဂတ်မရှိ
ဘာဆိုဘာမှမရှိတဲ့ အခွံသက်သက်လူသားမလေးတစ်ယောက်ပေါ့

အဲ့ဒါက သူ့ကိုမတွေ့ခင်အထိပဲ

သူက ကျွန်မကို စာနာတယ် နားလည်တယ် နွေးထွေးတယ်

ဒါပေမဲ့ ကျွန်မက အရေခြုံထားတဲ့လူတစ်ယောက်သာသာပဲ

ကျွန်မအစစ်အမှန်ကိုသူရှာတွေ့သွားတဲ့တနေ့ သူကျွန်မကိုမုန်းသွားမှာ

ကျွန်မသူ့ကိုချစ်လဲချစ်တယ် မုန်းလဲမုန်းတယ်

ကျွန်မလို ညငှက်လေးတစ်ကောင်က အဲ့လိုအခွင့်အရေးရှိရဲ့လားလို့ အားလုံးကမေးငေါ့ကြလိမ့်မယ်

ဒါပေမဲ့ ကျွန်မလဲလူသားမို့

အချစ်မှာ ပျော်ဝင်မယ်

အချစ်မှာနစ်မွန်းမယ်

သူ့ကြောင့် အချစ်မှာနစ်ပြီးမွန်းခဲ့တယ်

ကျေနပ်ပါတယ်

ဒါပေမဲ့ သူ့ကို လက်ခံဖို့‌ေတာ့ လုံးဝစိတ်ကူးမရှိဘူး

✳️✳️✳️ alinkar nang ✳️✳️✳️


(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniWhere stories live. Discover now