(I'm drowning in love)အပိုင်း(10)
"ဟျောင့် အာကာ ငါတော့ ရုပ်ဆိုးမ ပုံမလာပန်းမလာကိုမှကြွေနေမိပြီနဲ့တူတယ်ကွာ"
"ဘာစကားကြီးလဲ"
အာကာတစ်ယောက် ဖုန်းထဲကဆော့လက်စ ဂိမ်းတောင်သေသွားရလောက်အောင်အလန့်တကြားဖြစ်သွားခဲ့ရတယ်
"ငါလေ....."
သူအကြောင်းစုံပြောပြလိုက်တယ်
"အဖြစ်ကတော့အဲ့လိုပဲကွာ"
"ဟားဟားဟား"
အာကာတယောက်ရယ်ကြောမပြတ်တော့ဘူး
အစကတော့သီးခံနေသေးတာ
နောက်တော့သု့ကိုလှောင်နေတယ်လို့ထင်လာတာနဲ့ သူလိုက်ကန်ပစ်ရော
အဲ့ကောင်က အရယ်မပြတ်ထပြေးနေတယ်
နောက်တော့ သူစိတ်ဆိုးဆိုးနဲ့ထပြန်မယ်ဆိုကာမှ အရယ်ရပ်တော်မူတော့တယ်
"ဖြစ်မှဖြစ်ရလေ အလင်းရယ် အပွဲပွဲနွဲခဲ့သမျှ အခုမှပဲရှုံးတော့တယ်"
"ဘာကိုအပွဲပွဲနွဲတာလဲ ဟျောင့် စကားကြည့်ပြော မင်းပြောတာသူများကြားရင်ငါကရည်းစားများပြီးပွေရှုပ်နေတယ်လို့ထင်ဦးမယ်"
"ဟားဟားဟား မဟုတ်ပါဘူးကွာ မင်းနားကပ်လာတဲ့မိန်းမလှလေးတွေကိုကျတယောက်ပြီးတယောက်ပလစ်ခဲ့အဖက်မလုပ်ခဲ့ပဲနဲ့ အခုကျမှ တိုင်ပတ်နေတယ်တဲ့လား ဂုဏ်ကျလိုက်တာကွာ"
"အေးကွာ မင်းပြောကြည့် အဲ့မိန်းမငါ့ကိုလာဆွဲဆောင်နေတာမဟုတ်လား"
"မင်းဘာသာမင်းကြွေသွားတာနေမှာပါ"
"တော်စမ်းကွာ မဟုတ်မဟတ်တွေမပြောစမ်းနဲ့ အကြံလေးဉာဏ်လေးပဲပေးစမ်းပါ "
အာကာ မျက်လုံးပင့်ရပြီ
ဒီကောင်က တကယ်ကြီးလား
"မင်း တကယ်ကြီးလား "
"ငါဘယ်တုန်းးက ဟာသပြောလို့လဲ"
အာကာလဲမတတ်နိုင်
သူကပွေတယ်ရှုပ်တယ်ဆိုပေမဲ့သူ့ကိုချစ်လာအောင်ပဲလုပ်တတ်တာ
YOU ARE READING
(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uni
Romanceအချစ်မှာ နစ်၍မွန်းခဲ့ပြီ (I'm drowning in love) ✳️✳️✳️✳️✳️✳️✳️✳️✳️ Mature content Adult story Own creation By alinkar nang ✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️ ✳️✳️Intro ✳️✳️ ကျွန်တော်က အလင်းသစ် ကျွန်တော့်ဘဝမှာ မိန်းကလေးနှစ်ယောက်နဲ့ပတ်သတ်ခဲ့မိတယ် တစ်ယောက်ကသိမ်မွ...