41.zgi

280 5 0
                                    

(I'm drowning in love)

အပိုင်း(41)

"အူဝဲ အူဝဲ အူဝဲ"

အဲ့အသံကြားရဖို့ သူမဘယ်လောက်ဖြတ်သန်းလာရလဲ သူမ မသိဘူး

အရမ်းနာကျင်ခဲ့တဲ့စက္ကန့်တွေဟာ သူမကိုထုံကျင်စေတယ်

"ကလေးမ ဒါကိုကိုင်တွယ်နိုင်တာသေချာလား "

"လုပ်သာလုပ်ပါ ဆရာ"

သူမပါးစပ်မှာ အဝတ်စကိုကိုက်ထားလိုက်တယ်

သူမရဲ့လက်တွေကတော့ ခွဲစိတ်ခန်းရဲ့လက်ရန်းကိုကိုင်ထား‌တယ်

သူမ အဆင်သင့်ဖြစ်ပါပြီ

သူမခေါင်းငြိတ်ပြလိုက်ပြီး မျက်လုံးတွေကိုစုံမှိတ်လိုက်တော့တာပဲ

သူမဗိုက်မှာ အေးစက်တဲ့အထိအတွေ့တချက်ရပြီးတာနဲ့ အသဲခိုက်မတတ်နာကျင်မူ့က သူမနှလုံးသားဆီကိုတိုးဝင်လာခဲ့တယ်

"အားးးးးးးးးးးးးးးးးးးးး"

ချွေးတွေထွက်လာပြီး သူမမျက်ရည်တွေချက်ချင်းကျဆင်းလာတယ်

ပြင်းထန်တဲ့ငရဲ

ရူးလောက်တဲ့နာကျင်မူ့ပါပဲ

"အားးးးးးးးးးးးးးးး"

နောက်တချက် ဒါက အသားနုကိုခွဲတာမို့ သူမရဲ့ခြေထောက်တွေနဲ့လက်တွေဟာ အကြောဆွဲသလို တဆတ်ဆတ်တုန်ယင်လာတော့တယ်

ဒါကိုကြိုမြင်တဲ့ဆရာဝန်တွေကလဲ သူမခြေ‌လက်တွေကိုအသေတုတ်နှောင်ထားခဲ့ပြီးသား

"အားးးးးးးးးးးးးး"

နောက်တချက်

ဒီတခါတော့ သူမ သေချင်နေပြီ

သေလိုက်ချင်ပြီ

ဒီလိုနာကျင်မူ့မျိုးကို တောက်လျှောက်ခံနိုင်ရည်ရှိတယ်လို့တွေးတောခဲ့ပေမဲ့လဲ

လက်တွေ့ရောက်လာတော့ ကိုး သေလောက်တဲ့ရူးသွပ်မူ့မျိုးကိုပေးတယ်

"အူဝဲ အူဝဲ "

"ကလေးကျန်းမာတယ် ယောကျာ်းလေး 8ပေါင် 12အောင်စ  ဖြူဖြူဖွေးဖွေးလုံးလုံးကစ်ကစ်လေး ကလေးအမေ အားတင်းထားနော် ဆရာတို့အမြန်ဆုံးပြန်ချုပ်ပေးမယ် ကလေးထွက်လာပြီဆိုတော့ ထုံဆေးသုံးလို့ရပြီ ချက်ကြိုးဖြတ်တာတချက်သီးခံလိုက်ဦး ပြီးရင်မနာတော့ပါဘူး"

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniDonde viven las historias. Descúbrelo ahora