16.zgi

211 6 0
                                    

(I'm drowning in love)

အပိုင်း(16)

သူ လေလေးချွန်ပြီးကျောင်းထဲဝင်လာတာ

ကောင်မလေးတွေလှမ်းငေးနေတဲ့သူ့ကိုယ်သူဂုဏ်ပြုရင်း စိတ်ထဲမှာ မီးရှူးမ်းပန်းတွေတောင်ဖောက်နေလိုက်သေး

ခြေလှမ်းတို့က သူမဆီရောက်ဖို့ရာမစောင့်နိုင်ဖြစ်နေပြီး ဘာမှမဟုတ်ပဲပြုံးလို့နေမိတယ်

"ဟျောင့် သားကြီး "

"ဘာလဲ"

သူ့ကိုတရားဝင်စကားလာပြောရဲတဲ့သူ့ရဲ့တဦးတည်းသောသူငယ်ချင်း အာကာသွင်က ပခုံးလာဖက်ကာ စကားဆိုလာတယ်

"အဲ့ကြာပန်းမကိုတကယ်ကြီးလိုက်နေတာလား"

"အွန်း"

"Why? ဘာလို့လဲ ? မင်းပြောတော့ချစ်သူမဖြစ်ချင်ဘူးဆို"

"အခုဖြစ်ချင်သွားပြီလေ...ငါက ဒူးရင်းသီးမဟုတ်ပဲပန်းသီးလေးပါဆိုတာကိုမှော်ဆန်ဆန်သိစေချင်လို့"

"ဟားဟားဟား မင်းကဒူးရင်းသီးပေါ့လေ ဟားဟား တသက်လုံး ဘဝင်မြင့်ပြီးမိုးပေါ်တက်နေလာတဲ့ကောင်က ဘာတဲ့သူ့ကိုယ်သူဒူးရင်းသီးဆိုပဲ ဟားဟားဟား "

အာကာတယောက်ပြောရင်းမှ အသံတိတ်နေတဲ့သူ့သူငယ်ချင်းကိုလှမ်းကြည့်လိုက်ပေမဲ့

အဲ့ကောင်ကမရှိတော့ဘူး

" အမ်? "

ပတ်ဝန်းကျင်ကိုဝေ့ဝဲရှာလိုက်တော့ တနေရာရာကို တရှိန်ထိုးပြေးနေတဲ့ အလင်းသစ်ကိုတွေ့လိုက်ရတယ်

သူလဲဘုမသိဘမသိ လိုက်ပြေးလိုက်ရင်း

"ဟျောင့် အလင်း မင်းဘယ်ပြေး ........"

အဲ့ကောင်ပြေးနေတဲ့နေရာမှာ ရုပ်ဆိုးမလေးကို လူဆိုးတစ်ယောက်ကဆွဲလားရမ်းလားလုပ်နေတဲ့ရုပ်ရှင်ဇတ်ဝင်မြင်ကွင်းမျိုးမြင်လိုက်ရတယ်

"အို့အို အလင်းနဲ့တွေ့ပါပြီ "

အလင်းကိုသူကြောက်တယ်

ဘာလို့ဆို အဲ့ကောင်ဒေါသထွက်ရင်ကြောက်စရာကြီး

သူ့ကို ခွေးရူးလိုတောင်နာမည်ပေးထားတာ

(Complete)အချစ်မှာနစ်၍မွန်းခဲ့ပြီ(I'm drowning in love)nl.oc.uniDonde viven las historias. Descúbrelo ahora